တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းကို တိုက်ဖုန်းမုန်တိုင်း ၀င်ရောက်

1.3K
တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းကို ဒီနေ့ မနက်ပိုင်းက တိုင်ဖုန်မုန်တိုင်း Kalmaegi ၀င်ရောက်နေတာကြောင့် မိုးသက်လေပြင်းတွေ ကျရောက် နေပါတယ်။
လေတိုက်နှုန်း တစက္ကန့်ကို မီတာ ၄၀ ရှိတယ်လို့ တရုတ်အမျိုးသား မိုးလေ၀သဌာန က ကြေညာပါတယ်။
ဒါကြောင့် လမ်းဘေး billboard ဆိုင်းဘုတ်ကြီးတွေ၊ သစ်ပင်တွေ၊ ယာဉ်ငယ်တွေနဲ့ လမ်းဘေးဆိုင်တွေ အကုန်လဲပြိုခဲ့ပါတယ်။
မြေအနိမ့်ပိုင်းနေ ဒေသခံတွေကို ဘေးကင်းရာကို ဟိုင်နန်ပြည်နယ်အစိုးရက ပြောင်းရွှေ့ပေးနေပါတယ်။
မိုးလေ၀သဌာန၀န်ထမ်းတွေက လွဲလို့ နိုင်ငံဝန်ထမ်းတွေနဲ့ ကျောင်းသားတွေကို အိမ်မှာပဲ နေဖို့ ဟိုင်နန်ပြည်နယ်အစိုးရက ညွှန်ကြားထားပါတယ်။
တောင်တရုတ်လေကြောင်းလိုင်းဟာလည်း စက်တင်ဘာ ၁၅ ရက်နေ့က လေယာဉ်ခရီးစဉ် ၈ ခုကို ဖျက်သိမ်းခဲ့ပြီး ၁၆ ရက်နေ့မှာတော့ ခရီးစဉ်အ၀င်အထွက်အားလုံးကို ဖျက်သိမ်းထားပါတယ်။
ကမ်းနီးနဲ့ ကမ်းဝေးရေယာဉ်တွေနဲ့ ကမ်းလွန်ရေနံတူးလုပ်သားတွေအားလုံးကိုလည်း မုန်တိုင်း မတိုင်ခင်ကတည်းက ကယ်တင်ခဲ့ပြီး ဖြစ်ပါတယ်။
Kalmaegi မုန်တိုင်း စက်တင်ဘာ ၁၄ ရက်နေ့ကက ဖိလစ်ပိုင်နိုင်ငံကို ၀င်ရောက်ခဲ့ပြီး ဟောင်ကောင်ကျွန်းကိုတော့ စက်တင်ဘာ ၁၆ ရက်နေ့ အစောပိုင်းက ၀င်ရောက်ခဲ့ပါတယ်။
မိုးလေပြင်းထန်တာကြောင့် ဟောင်ကောင်စတော့ဈေးကွက်တွေကိုလည်း ဒီနေ့ ဖျက်သိမ်းခဲ့ရပါတယ်။
