DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-ချန်နိုင်း တိုက်ရိုက် ကုန်တင်သင်္ဘောပြေးဆွဲမည်
DVB
·
September 16, 2014
ရန်ကုန်-ချန်နိုင်း တိုက်ရိုက် ကုန်တင်သင်္ဘောပြေးဆွဲမည်
Donate to DVB

မြန်မာနဲ့ အိန္ဒိယနိုင်ငံ စီးပွားရေးအဆက်အသွယ် မြှင့်တင်တဲ့အနေနဲ့ ၂ နိုင်ငံကြား တိုက်ရိုက် ရေကြောင်းပြေးဆွဲမှုကို စတင်တော့မယ်လို့ အိန္ဒိယနိုင်ငံ ပြည်ထောင်စု ရေကြောင်းပို့ဆောင်ရေးဝန်ကြီး နီတင် ဂဒ်ကာရီ က ပြောဆိုလိုက်ပါတယ်။

Chennai-portလာမယ့် အောက်တို ဘာလ ပထမပတ်မှာ အိန္ဒိယနိုင်ငံ တမီးလ်နာဒူးပြည် နယ်ရဲ့မြို့တော် ချန်နိုင်းနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်တို့အကြား တိုက်ရိုက် သင်္ဘောပြေးဆွဲမှာ ဖြစ်တယ်လို့ နယူးဒေလီမြို့တော် သတင်းစာရှင်းလင်းပွဲ ရုပ်သံ ထုတ်လွှင့်ချက်မှာ ၀န်ကြီးက ပြောသွားတာပါ။

အိန္ဒိယအစိုးရပိုင် ရေကြောင်း ကော်ပိုရေးရှင်းဟာ 1,200 TEU ယူနစ်ရှိ ကွန်တိန်နာ အလုံး ၂၀ ဆန့် ကုန်တင်သင်္ဘောနဲ့ အိန္ဒိယနိုင်ငံ ချန်နိုင်းနဲ့ - ခရစ်ရှနာ ပတ်တနမ်- မြန်မာနိုင်ငံက ရန်ကုန်နဲ့ သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်းတွေကို ရေကြောင်းအတိုင်း ဆက်သွယ် ပြေးဆွဲသွားဖွယ် ရှိပါတယ်။

သင်္ဘောပြေးဆွဲမှုကို ကမ္ဘာ့အကြီးဆုံး ရေကြောင်းပို့ဆောင်ရေး ကုမ္ပဏီဖြစ်တဲ့ ဒီပီ ဝေါလ်(DP World) က တာဝန်ယူပြီး အောက်တိုဘာ ၁ ရက်နေ့မှာ ချန်နိုင်းဆိပ်ကမ်း ပထမဆုံး ကုန်သေတ္တာဂိတ်ကနေ စတင်ပြေးဆွဲမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013