DVB Logo
Home
Lead Story
အမျိုးသားပညာရေးဥပဒေကို လှိုင်သာယာနည်းပညာတက္ကသိုလ်ရှေ့ ဒီနေ့ ဆန္ဒပြမည်
DVB
·
September 16, 2014
အမျိုးသားပညာရေးဥပဒေကို လှိုင်သာယာနည်းပညာတက္ကသိုလ်ရှေ့ ဒီနေ့ ဆန္ဒပြမည်
Donate to DVB

တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) တွေက အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တဲ့ လှုပ်ရှားမှုကို လှိုင်သာယာ နည်းပညာ တက္ကသိုလ်ကျောင်းရှေ့မှာ ဒီနေ့ နေ့လယ် ၁၁ နာရီခွဲ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

[caption id="attachment_64643" align="alignright" width="300"]ကွန်ပျုတာ တက္ကသိုလ် ဗဟန်းတွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်နေ့ ဆန္ဒပြခဲ့ကြစဉ် ကွန်ပျုတာ တက္ကသိုလ် ဗဟန်းတွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်နေ့ ဆန္ဒပြခဲ့ကြစဉ်[/caption]

ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသားပညာရေး ဥပဒေကို ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း စတဲ့ နိုင်ငံတ၀ှမ်းက တက္ကသိုလ်တွေ မှာ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေ ဆက်တိုက်ဆိုသလို ကန့်ကွက်ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေ အရှိန်မြှင့် လုပ်ဆောင်နေတာပါ။

အဲဒီအတွက် အစိုးရနဲ့ ကျောင်းအာဏာပိုင်တွေက တားဆီး ပိတ်ပင်မှုတွေ လုပ်ဆောင်နေတဲ့အပေါ်မှာ ကျောင်းသားသမဂ္ဂတွေက ရှုတ်ချလိုက်ပြီး ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (အန်အန်အီးအာ) ရဲ့ ကြေညာချက်ပါ အချက် ၉ ချက် မရမချင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အမျိုးသားပညာရေးဥပဒေမူကြမ်းမှာ ဗဟိုချုပ်ကိုင်မှုစနစ်ရှိနေတာ၊ ကျောင်းသားတွေ တောင်းဆိုနေတဲ့ သမဂ္ဂ ဖွဲ့စည်းခွင့် မပါရှိတာ၊ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဘာသာစကားသင်ကြားခွင့်နဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ် ဖြစ်စေတာတွေကြောင့် ပြန်လည်သုံးသပ်ရေးဆွဲသင့်တယ်လို့ အန်အန်အီးအာက ထောက်ပြဝေဖန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013