DVB Logo
Home
မြန်မာသတင်း
ရခိုင်လူမျိုးများနေပျော်ရေး အမျိုးသားလွှတ်တော်တွင် ဆွေးနွေး
DVB
·
September 15, 2014
ရခိုင်လူမျိုးများနေပျော်ရေး အမျိုးသားလွှတ်တော်တွင် ဆွေးနွေး
Donate to DVB

ရခိုင်ပြည်နယ်ထဲမှာ ရခိုင်တိုင်းရင်းသားတွေ နေပျော်ဖို့အတွက် အစိုးရက ဆောင်ရွက်ပေးနေတဲ့ အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဒီကနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ရှင်းလင်းဆွေးနွေးမှုတွေ လုပ်သွားခဲ့ပါတယ်။

national parlimentရခိုင်ပြည်နယ်ထဲမှာ ရခိုင်လူမျိုးများ နေပျော်လာအောင် အမျိုးသားရေးတာဝန် တရပ်အနေနဲ့ အခြေအနေအရပ်ရပ်ကို ဖန်တီးဖော်ဆောင်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအ ဆိုကို ကြံ့ခိုင်ရေးပါတီက မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် အမတ် ဦးလှဆွေက တင်သွင်းခဲ့တာပါ။

ဒီအဆိုနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွင်း အစိုးရက ဆောင်ရွက်နေတဲ့ ကျန်းမာရေးနဲ့ ပညာရေးအပါအ၀င် လမ်းဖောက်၊ တံတားဆောက်ပြီး လျှပ်စစ်မီးရရှိရေးစတဲ့ ဘက်စုံ ဒေသ ဖွံ့ဖြိုးရေးအစီအစဉ်တွေကို နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဗိုလ်ချုပ် တင်အောင်ချစ်က လာရောက် ဖြေကြားသွားတာ ဖြစ်ပါတယ်။

အစိုးရတာဝနှ်ရှိသူရဲ့ ဖြေကြားသွားချက်တွေနဲ့ ပတ်သက်ပြီး ကျေနပ်မှု မရှိပေမယ့် စီမံကိန်း ချထားတဲ့အတိုင်း အကောင်းအထည်ဖော်ဖို့ လိုတယ်လို့ အဆိုရှင် အမျီုးသားလွှတ်တော်အမတ် ဦးလှဆွေက ဒီဗွီဘီကို ပြောပါတယ်။

ရခိုင်အမျိုးသားပါတီ ဒုခေါင်းဆောင်ဖြစ်တဲ့ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာ အေးမောင်က ဒီအဆိုကို ထောက်ခံကြောင်း၊ အစိုးရအနေနဲ့ တာဝန်ယူဆောင်ရွက်ပေးရမှာ ဖြစ်ကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ရခိုင်လူမျိုးတွေ နေပျော်လာအောင် ဆောင်ရွက်ပေးဖို့နဲ့ ပတ်သက်တဲ့ အဆိုကို ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း အမျိုးသားလွှတ်တော်မှာ ကြံ့ခိုင်ရေးပါတီက အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေကပဲ တင်သွင်းခဲ့ဖူးပြီး ခု ဒုတိယအကြိမ် ထပ်မံ တင်သွင်း ဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။

ဒီအဆိုကို အမျိုးသားလွှတ်တော်မှာ ဒီကနေ့ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၁၅၂ မဲ၊ ကန့်ကွက်မဲ ၁၀ မဲနဲ့ ကြားနေ ၁၂ မဲ ရရှိပြီး အဆို အောင်သွားခဲ့တာပါ။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013