DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီအရေး လူငယ်များ ပါဝင်ကြရန် သမ္မတ တိုက်တွန်း
DVB
·
September 15, 2014
ဒီမိုကရေစီအရေး လူငယ်များ ပါဝင်ကြရန် သမ္မတ တိုက်တွန်း
Donate to DVB

မြန်မာပြည်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ တက်ကြွစွာ ပါဝင်ကြဖိုနဲ့ ဒီမိုကရေစီအရေးမှာ လူငယ်တွေ ပါဝင်နိုင်ရေးကို တိုးမြှင့်လုပ်ဆောင်ဖို့ သမ္မတ ဦးသိန်းစိန်က  တိုက်တွန်းလိုက်ပါတယ်။

ပြည်ထောင်စု လွှတ်တော်မှာ ဒီနေ့ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ အခုလို ပြောကြားလိုက်တာပါ။

unnamedဒီနေ့ အခမ်းအနားကို အစိုးရအဖွဲ့ဝင်တွေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်ကိုယ်စား လှယ်တွေ၊ ကုလသမဂ္ဂ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

စက်တင်ဘာလ ၁၅ ရက်မှာ ကျရောက်တဲ့  အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အတွက် အခုနှစ်မှာ ကုလသမဂ္ဂက ချမှတ်ပေးထားတဲ့ ဆောင်ပုဒ်ကတော့   "Engaging Youth on Democracy"  ဒီမိုကရေစီရေး လူငယ်တွေဝိုင်းဝန်းပါဝင်ရေး ဆိုတာဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်  ဘန်ကီမွန်းကတော့  လူငယ်မျိုးဆက်သစ်တွေအနေနဲ့ စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ဖြေရှင်းကြဖို့၊ ဘ၀ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင် ထိန်းကြောင်းသွားရင်းနဲ့ ကိုယ့်ရဲ့ အိမ်မက်တွေကို  လူသားအားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ဖြစ်အောင် လုပ်ဆောင်ကြဖို့ ဒီမိုကရေစီနေ့အထိမ်းအမှတ် ကမ္ဘာတ၀န်းက လူငယ်တွေကို တိုက်တွန်းထားပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013