DVB Logo
Home
Lead Story
မြန်မာ့ဆက်သွယ်ရေး ပရိုမိုးရှင်းလုပ်၊ ဆင်းကတ် ၉ သိန်းဖြန့်
DVB
·
September 15, 2014
မြန်မာ့ဆက်သွယ်ရေး ပရိုမိုးရှင်းလုပ်၊ ဆင်းကတ် ၉ သိန်းဖြန့်
Donate to DVB

ဂျပန် KDDI ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ကိုင်နေပြီဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းဟာ လိုဂို အမှတ်တံဆိပ်ပြောင်းတာ၊ ပရိုမိုးရှင်းပေးတာအပြင် ၁ လ အတွင်း ဒုတိယ အကြိမ်မြောက် ဆင်းကတ် ၂ သိန်းခွဲ ထပ်ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

[caption id="attachment_64307" align="alignright" width="300"]ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့က ဆင်းကတ်ဖြန့်ချိစဉ် ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့က ဆင်းကတ်ဖြန့်ချိစဉ်[/caption]

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့က မြန်မာ့ ဆက်သွယ်ရေး ဟာ ဂျပန် ကုမ္ပဏီနဲ့ ပူးပေါင်း မိတ်ဆက် သတင်းစာရှင်းလင်းပွဲ လုပ်ပြီးနောက် ဒီ အစီအစဉ်တွေ စတင်ခဲ့တာပါ။

စက်တင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက်နေ့မှာ ငွေဖြည့် ကတ် ၀ယ်ယူသူတွေကို ၅၀၀၀ ကတ်ဆိုရင် ကျပ် ၂၀၀၀၊ တသောင်းတန် ကတ်ဆို ကျပ် ၆၀၀၀ အပိုဆောင်းပေးတဲ့ ပရိုမိုးရှင်း ပြုလုပ်ပေးခဲ့လို့ ရန်ကုန် ငွေဖြည့်ကတ် အရောင်းဆိုင် အတော်များများ ကတ်ပြတ်လတ်သည် အထိ ရောင်းရခဲ့ကြပါတယ်။

အလားတူ စက်တင်ဘာ ၁၃ ရက်နေ့မှာ နောက်ထပ် ဆင်းကတ် ၂ သိန်းခွဲ ချထားပေးတာ နှစ်ရက်အတွင်း ရောင်းကုန်သွားတယ်လို့ ဆိုပါတယ်။

ဒီလို ဆင်းကတ် ဒုတိယအကြိမ် ရောင်းချပေးခဲ့တဲ့အတွက် အခုလ အတွင်း ဆင်းကတ် အရေအတွက် ၉ သိန်း ရောင်းကုန်သွားပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013