DVB Logo
Home
မြန်မာသတင်း
အမျိုးသားပညာရေး ဥပဒေကြမ်းကို ဆရာဆရာများအဖွဲ့ချုပ် ကန့်ကွက်
DVB
·
September 15, 2014
အမျိုးသားပညာရေး ဥပဒေကြမ်းကို ဆရာဆရာများအဖွဲ့ချုပ် ကန့်ကွက်
Donate to DVB

အမျိုးသားပညာရေးဥပဒေ(မူကြမ်း) ဟာ ကျောင်းသားဆရာ၊ မိဘတွေရဲ့ဆန္ဒကို မျက်ကွယ်ပြုပြီး ဒီမိုကရေစီစံနှုန်းတွေနဲ့ မညီညွတ်တာကြောင့် အပြင်းအထန် ကန့်ကွက်ကြောင်း  မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်က ဒီနေ့ ကြေညာလိုက်ပါတယ်။

[caption id="attachment_64028" align="alignright" width="300"]အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ပြီးခဲ့သည့် စက်တင်ဘာ ၂ ရက်နေ့က တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) များ ကန့်ကွက်ဆန္ဒပြစဉ် အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ပြီးခဲ့သည့် စက်တင်ဘာ ၂ ရက်နေ့က တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) များ ကန့်ကွက်ဆန္ဒပြစဉ်[/caption]

အမျိုးသားပညာရေး ဥပဒေ (မူကြမ်း) အပေါ် ကျောင်းသား သမဂ္ဂတွေက ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်နေမှုတွေ နဲ့ ပတ်သက် လို့ ကြေညာ ချက်ထုတ်ပြန်ပြီး အခုလို ပြောကြား လိုက်တာပါ။

ကျောင်းသား သမဂ္ဂတွေရဲ့ အမျိုးသားပညာရေး ဥပဒေမူကြမ်းအပေါ် ကန့်ကွက်ရတဲ့ ရည်ရွယ်ချက်တွေကို ဆရာဆရာမများအဖွဲ့ချုပ်အနေနဲ့ အပြည့်အ၀ထောက်ခံကြောင်း၊ အမျိုးသားပညာရေးဥပဒေမူကြမ်းဟာ ကျောင်းသားဆရာ၊ မိဘတွေရဲ့ဆန္ဒကို မျက်ကွယ်ပြုပြီး ဒီမိုကရေစီစံနှုန်းတွေနဲ့ မညီညွတ်တာကြောင့် နိုင်ငံနဲ့ ပြည်သူကို အကျိုးပြုနိုင်တဲ့ ဥပဒေ တခုလို့ ယုံကြည်ခြင်းမရှိတာကြောင့် ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲရေးကွန်ရက် (NNER)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်နဲ့ ကျောင်းသားသမဂ္ဂတွေဟာ အဖွဲ့တခုနဲ့တခု အပြန်အလှန် လွှမ်းမိုးမှု ကင်းပြီး လွတ်လပ်စွာရပ်တည်နေတဲ့ အဖွဲ့အစည်းတွေဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013