DVB Logo
Home
မြန်မာသတင်း
မေမြို့တွင် မိုးကြီးရေလျှံ ဖြစ်ပွား
DVB
·
September 14, 2014
မေမြို့တွင် မိုးကြီးရေလျှံ ဖြစ်ပွား
Donate to DVB

မန္တလေးတိုင်း၊ မေမြို့ခေါ် ပြင်ဦးလွင်မှာ အခုရက်ပိုင်း မိုးကြီးပြီး မြို့လယ်ကောင်နဲ့ ရေစီးရေလာ မကောင်းတဲ့ ရပ်ကွက်တချို့ ရေကြီးရေလျှံနေတယ်လို့ ပြင်ဦးလွင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟက ပြောပါတယ်။

Pyain Oo Lwinပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁၊ ၁၂ ရက်နေ့ကထဲက မိုးကြီးပြီး ရေကြီးရေလျှံနေတာဖြစ်ပြီး ဒီနေ့လ မိုးကောင်းနေတုန်းပဲ၊ ပြင်ဦးလွင်မှာ အရင်က ဒီလိုရေကြီးရေလျှံတာမျိုး တခါမှ မဖြစ်ဖူးဘူးလို့လည်း သူက ပြောပါတယ်။

“ဒီမြို့လယ်ခေါင်လူနေထူထပ်တဲ့ တချို့နေရာတွေမှာ မထင်မှတ်ပဲနဲ့ ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူးတဲ့ ရေတွေ လျှံနေတယ် ရေမြောင်းတလျှောက်ကို ရေစီးအားက ရှောရှောရှူရှူ မသွားနိုင်ဘူး။ မြို့လယ်က လူနေအိမ်ခြေထဲမှာ အဲဒီလို တတ်တာမို့လို့ မေမြို့က ထူးဆန်းနေတာ ဖြစ်တယ်။ ပြီးခဲ့တဲ့ တော်သလင်းရက်မှာထဲက မိုးက အကြီးအကျယ်ရွာနေတာ။ ခါတိုင်းဆိုရင် ပြင်ဦးလွင်မှာ ကြိုက်သလောက်ရွာ မိုးရေချိန်လက်မ အင်မတန်များတဲ့ အရင်ကာလတွေက မိုးတိတ်သွားပြီး သိပ်မကြာဘူး အဲဒီရေတွေ အကုန်ပြောင်သွားတယ်။ ပြင်ဦးလွင်နဲ့ နောင်ချိုနဲ့ ရှမ်းပြည်နယ်မှာ သဘာဝအရ ရေတွေက မြေကြီးထဲကို စုပ်ဝင်သွားတဲ့ သဘာဝရှိတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ဗိုလ်ချုပ်တွေရော တရုတ်တွေရော တခြားမြို့ကလူတွေရော အများကြီးပဲ မေမြို့မှာ လာပြီးတော့ အိမ်တွေ နေရာတွေမှာ နဂို ကိုလိုနီလက်ထက်က ရေမြောင်းတွေက ပိတ်ဆို့တယ်။ နောက်တခုက တရုတ်တွေကနေပြီးတော့မှ ဘေးပလက်ဖောင်းတွေရော အိမ်ရှေ့ အိမ်အတွင်းမှာရော ရေစုပ်စရာနေရာမရှိအောင်ကို ကွန်ကရစ် အကုန်လုံး ခင်းတာတွေ များတယ်။ အုတ်တံတိုင်းအမြင့်ကြီးတွေ ကာပြီးတော့ ရေသွားလမ်းကြောင်းတွေမှာ ရေမြောင်းတွေ ပိတ်နေတာရှိတယ်။ အနိမ့်ပိုင်းမှာ တချို့အိမ်တွေအထိ ရေ၀င်တာတွေရော အဲဒီလောက်ကို တော်တော်လျှံသွားတယ်။”

ပြင်ဦးလွင်က ရပ်ကွက်ကြီး ၁၊ ရပ်ကွက်ကြီး ၂ နဲ့ ရပ်ကွက်ကြီး ၅ တို့ အနိမ့်ပိုင်းတည်ရှိတဲ့ အိမ်တွေ ဒူးလောက် ခါးလောက်ထိ ရေ၀င်နေတယ်လို့လည်း ဦးကျော်သီဟက ပြောပါတယ်။

ပျက်စီးဆုံးရှုံးမှု ဘယ်လောက်ရှိတယ်ဆိုတာ မပြောနိုင်သေးပဲ လူထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာမျိုးလည်း မကြားရသေးဘူးလို့ ဆိုပါတယ်။

မိုးလေ၀သပညာရှင် ဦးထွန်းလွင်ကတော့ တောင်တရုတ်ပင်လယ်တွင်းက ၀င်လာမယ့် တိုင်ဖွန်း မုန်တိုင်း Kalmaegi ရဲ့ အကြွင်းအကျန် တိမ်တိုက်ကြီးဟာ အထက်မြန်မာပြည်ဒေသ အတွင်းကို ၀င်ရောက်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဆိုရင်တော့ မြန်မာနိုင်ငံအရှေ့ပိုင်း နဲ့ မြောက်ပိုင်းကတော့ အသေအချာမိုးရနိုင်ပြီး၊ အလယ်ပိုင်းတွေမှာပါ မိုးတွေရလာပါလိမ့်ဦးမယ်လို့ သူ့ဖေ့စ်ဘွတ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013