အမေရိကန် နိုင်ငံတော်သီချင်း သက်တမ်း ၂၀၀ ပြည့် အခမ်းအနား ကျင်းပ

အမေရိကန် ပြည်ထောင်စုမှာ နိုင်ငံတော်သီချင်း သက်တမ်း ၂၀၀ ပြည့် အခမ်းအနားကို မယ်ရီလန်းပြည်နယ်မှာ စက်တင်ဘာလ ၁၃ ရက်နေ့ကနေ ၁၄ အထိ ၂ ရက်တိတိ ပျော်ပွဲရွှင်ပွဲ တရားဝင်အခမ်းအနားတွေနဲ့ ကျင်းပနေပါတယ်။ US2နိုင်ငံတော်သီချင်းကို ဖရန့်စစ်စကော့ဒ်ကီး က ၁၈၁၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မှာ ရေးသားခဲ့တာပါ။ အဲဒီအချိန်က အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်တို့ စစ်ဖြစ်နေချိန်ဖြစ်ပြီး ကဗျာဆရာ၊ ရှေ့နေ စကော့ဒ်ကီးဟာ အမေရိကန် အကျဉ်းသားတွေလွတ်မြောက်ရေးအတွက် ညှိနှိုင်းပေးရသူလည်း ဖြစ်ခဲ့ပါတယ်။ ဗြိတိသျ စစ်သင်္ဘောပေါ်မှာ ညှိနှိုင်းဖို့ ရောက်နေတဲ့အချိန်မှာ မယ်ရီလင်းပြည်နယ်ထဲက ဘာလတီမောမြို့ကို ဗြိတိသျှတွေက ဗုံးကျဲနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် နောက်တနေ့ အာရုံဦးအချိန်မှာ ဘာလတီမောမြို့လေးမှာ အမေရိကန် အလံလေး တလူလူလွှင့်နေသေးတာကို တွေ့ရလို့ စိတ်လှုပ်ရှားပြီး သီချင်းကို ရေးခဲ့တာလို့ ဆိုပါတယ်။ ၁၉၁၆ ခုနှစ်မှာတော့ သမ္မတ အမိန့်နဲ့ နိုင်ငံတော်သီချင်းအဖြစ် သတ်မှတ်ခဲ့ပါတယ်၊ စကော့ဒ် ကီးကို စိတ်လှုပ်ရှားစေခဲ့တဲ့ သမိုင်းဝင် အလံလေးကို ၀ါရှင်တန် ဒီစီက စမစ် ဆိုနီယံ ပြတိုက်မှာ လွှင့်တင်ထားပါတယ်။ အခမ်းအနားရဲ့ တစိတ်တပိုင်းအဖြစ် ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်က မိန့်ခွန်းပြောကြားခဲ့ပြီး ညီညွတ်ရေးနဲ့ နိုင်ငံအပေါ်သစ္စာရှိဖို့ စည်းရုံးပြောကြားသွားတဲ့အပြင် ဘယ်တော့ဖြစ်ဖြစ် အမေရိကန်နဲ့ ရင်ဆိုင်ရတဲ့ ရန်သူတိုင်းဟာ အမေရိကန်ကို ရင်ဆိုင်ရတာ မလွယ်ကူဘူးဆိုတာကို သဘောပေါက်သွားကြတာချည်းပဲလို့ ပြောပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုနဲ့ လူသားအားလုံးရဲ့ လွတ်လပ်မှု၊ တရားမျှတမှုတို့ဟာလည်း ခွဲခြားမရနိုင်ဘူးလို့လည်း ပြောသွားပါတယ်။

More News
Up