DVB Logo
Home
မြန်မာသတင်း
ရာသီဥတုဆိုးရွားမှုကြောင့် တရုတ်ကယ်ဆယ်ရေးအဖွဲ့ အလုပ်မစနိုင်သေး
DVB
·
September 14, 2014
ရာသီဥတုဆိုးရွားမှုကြောင့် တရုတ်ကယ်ဆယ်ရေးအဖွဲ့ အလုပ်မစနိုင်သေး
Donate to DVB

မြန်မာပြည်မြောက်ပိုင်းက ခါကာဘိုရာဇီတောင်ထိပ်မှာ ပျောက်ဆုံးနေတဲ့ မြန်မာ တောင်တက်သမား ၂ ယောက်ကို ရှာဖွေပေးမယ့် တရုတ်နိုင်ငံသား ကယ်ဆယ်ရေးသမားတွေ ဟာ ရာသီဥတု ဆိုးဝါးနေတာကြောင့် သူတို့ လုပ်ငန်းတွေ ခုချိန်ထိ မစတင်နိုင်သေးဘူးလို့ သိရပါတယ်။

[caption id="attachment_64942" align="alignright" width="300"]ဓာတ်ပုံ - ထူးဖောင်ဒေးရှင်း ဓာတ်ပုံ - ထူးဖောင်ဒေးရှင်း[/caption]ပျောက်ဆုံးတောင်တက်သမားတွေကို ရှာဖွေဖို့ စက်တင်ဘာ ၁၃ ရက်က ပူတာအိုကို ရောက်ရှိနေကြတဲ့ တရုတ်နိုင်ငံက ဘလူးစကိုင်း အမည်ရှိ အကြီးဆုံး အရပ်သား ကယ်ဆယ်ရေး အဖွဲ့ဝင် ၉ ယောက်ဟာ ပူတာအိုမှာပဲ မြန်မာကယ်ဆယ်ရေးအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးနေကြ တုန်းလို့ ကယ်ဆယ်ရေးအဖွဲ့ ဝင်တယောက်က ပြောပါတယ်။

“သူတို့က ရှေ့ဆက်ပြီး ဘယ်လိုဆက်လုပ်ရမလဲဆိုတာကို လောလောဆယ် ညှိနှိုင်းဆောင်ရွက် ရဦးမှာပါ ခင်ဗျ။ အဲဒါကို သတင်းပြန်လည် ထုတ်ပြန်ပေးပါ့မယ်။ လောလောဆယ် သူတို့ဆီမှာလည်း အခက်အခဲတွေ ရှိနေတဲ့ သဘောမှာ ရှိနေပါတယ်။ သူတို့ထင်ထားတာ ပွင့်ပွင့်လင်းလင်းပြောရရင် ခါကာဘိုရာဇီ တောင်ခြေအထိကို တိုက်ရိုက်ရောက်သွားမယ်လို့ ထင်ထားတာ၊ ဧ၀ရတ်တောင်လိုပေါ့။ ဒီမှာက အဲဒီလို ရောက်ဖို့ တော်တော်ခဲယဉ်းတယ်။ ရာသီဥတု အခြေအနေကြောင့်မို့လို့ပါ။ ဒါပေမယ့် ရှာဖွေရေးလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ တောက်လျှောက်စီစဉ်ညွှန်ကြားပြီး ဆောင်ရွက်နေတာတွေ ရှိပါတယ်။”

တရုတ်-မြန်မာချစ်ကြည်ရေးအသင်း အစီအစဉ်နဲ့ တရုတ်နိုင်ငံသားကယ်ဆယ်ရေးအဖွဲ့တွေ အခုလို ရောက်ရှိလာကြတာ ဖြစ်တယ်လို့ ထူးဖောင်ဒေးရှင်းအွန်လိုင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။

ရန်ကုန်တက္ကသိုလ် ခြေလျင်တောင်တက်အသင်း၊ သဘာဝခေါ်သံဖောင်ဒေးရှင်းက မြန်မာ တောင်တက်သမား ၈ ဦးတို့ဟာ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းမှာ ခါကာဘိုရာဇီတောင် တက်ခဲ့ကြပြီး အဖွဲ့ခေါင်းဆောင် ကိုအောင်မြင့်မြတ်နဲ့ အဖွဲ့မန်နေဂျာ ကိုဝေယံမင်းသူတို့ ၂ ယောက် တောင်ထိပ်ပေါ်ရောက်ခဲ့ကြပါတယ်။

သူတို ၂ ယောက် တောင်ထိပ်ပေါ်ရောက်ခဲ့တဲ့ သြဂုတ် ၃၁ရက်ကစပြီး သူတို့နဲ့ ကျန်အဖွဲ့ဝင်တွေနဲ့ အဆက်အသွယ် ပြတ်တောက်ခဲ့ပြီးတဲ့နောက် ၁၀ ရက်လောက်အကြာမှာမှ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်လုပ်ဆောင်ခဲ့ကြတာပါ။

ကနဦး သတင်းတွေအရ ပျောက်ဆုံးနေတဲ့ မြန်မာတောင်တက်သမား ၂ယောက်ကို ထူးကုမ္ပဏီပိုင် ဂျက်လေယာဉ်တစီးနဲ့ တပ်မတော်ပိုင် ရဟတ်ယာဉ်နှစ်စင်းတို့ သုံးပြီး ရှာဖွေကယ်ဆယ်ဖို့ လုပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013