ဗြိတိန်နိုင်ငံထဲက စကော့တလန် ခွဲထွက်ရေး လူထုစစ်တမ်းကောက်

စကော့တလန်ကို ဗြိတိန်နိုင်ငံနဲ့ ဆက်ပြီးတွဲနေမလား၊ ဒါမှမဟုတ် သီးသန့်ခွဲထွက်မလားဆိုတာ အတွက် လူထုဆန္ဒခံယူပွဲ ကျင်းပဖို့ တပတ်တောင်မလိုတော့တဲ့အချိန်မှာ ဆက်တွဲနေမယ် ဆိုတဲ့ဖက်က မဲအနည်းငယ်သာနေတယ်လို့ စက်တင်ဘာလ ၁၂ ရက်နေ့က လူထုစစ်တမ်းတွေ အရ သိရပါတယ်။ Britain Scottish Referendum ဗြိတိန်သတင်းစာကြီးတစောင်ဖြစ်တဲ့ The Times သတင်းစာရဲ့ လူထုစစ်တမ်းမှာတော့ တွဲရေးဖက်က ၅၂ ရာခိုင်နှုန်း ၊ ခွဲရေးဖက် ၄၈ ရာခိုင်နှုန်း ရရှိနေပြီး Guardian သတင်းစာကြီးရဲ့ ICM စစ်တမ်းမှာတော့ တွဲရေးဖက်က ၅၁ ရာခိုင်နှုန်းနဲ့ ခွဲရေးဖက်က ၄၉ ရာခိုင်နှုန်း ရထားပါတယ်။ ဒါကြောင့် တွဲရေးဖက်က မဲအနည်းငယ်သာနေပေမယ့် လက်တွေ့တော့ ဘယ်လိုဖြစ်မယ် အတိအကျပြောလို့မရဘူးလို့လည်း ဆိုကြပါတယ်။ လက်ရှိစကော့တလန်ဝန်ကြီး အလက်စ် ဆဲမွန် ဦးဆောင်တဲ့ ခွဲထွက်ရေးတွေ ပြီးခဲ့တဲ့သြဂုတ်လကုန်ပိုင်းက လေဘာပါတီက ထောက်ခံသူတွေ နဲ့ စကောတလန်အမျိုးသမီးတွေရဲ့ ထောက်ခံမှုတွေ အများအပြား ရရှိခဲ့တာပါ။ စကောတလန်မြို့တော် အယ်ဒင်ဘာ့ဘ် အခြေစိုက် ဗြိတိန်ဘဏ်ဘဏ်တွေက စကော့တလန် ခွဲထွက်ရင် ဘဏ်ကြီးတွေကို လန်ဒန်မြို့ကို ပြောင်းရွေ့မယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် ဘဏ်တွေကို အသုံးချပြီ ဗြိတိန်အစိုးရ လူထုမဲဆွယ်တယ်လို့ အလက်စ် ဆဲမွန် က စွပ်စွဲခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up