DVB Logo
Home
မြန်မာသတင်း
Hackaton ပြိုင်ပွဲတွင် အမျိုးသမီးအများဆုံးပါဝင်သည့် ACE အဖွဲ့ ပထမရရှိ
DVB
·
September 13, 2014
Hackaton ပြိုင်ပွဲတွင် အမျိုးသမီးအများဆုံးပါဝင်သည့် ACE အဖွဲ့ ပထမရရှိ
1 / 2
Donate to DVB

SME လုပ်ငန်းတွေမှာကြုံရတဲ့ နည်းပညာဆိုင်ရာ ပြဿ နာတွေကိုဖြေရှင်းပေးနိုင်ဖို့ အတွက်ကျင်းပတဲ့ Hackaton ပြိုင်ပွဲမှာ မိန်းကလေးတွေ အများဆုံးပါဝင်တဲ့ ACE အဖွဲ့က ပထမဆုရရှိသွားပါတယ်။

Application တွေကို ရေးဆွဲဖန်တီးရတဲ့ ဒီပြိုင်ပွဲမှာ ပထမဆုရတဲ့ ACE အဖွဲ့ဟာ လူငယ်လေးတွေနဲ့ ဖွဲ့စည်းထားပြီးတော့ အဲ့ဒီအဖွဲ့မှာ web developer တွေ programmer တွေဖြစ်တဲ့ မိန်းကလေး ၅ ဦး ယောက်ျားလေး ၂ ဦး ပါဝင်ပါတယ်။

vlcsnap-2014-09-13-15h37m59s148ACE အဖွဲ့ဝင်တဦးဖြစ်တဲ့ မဟန်နီ က “အဓိက နည်းပညာလေ့လာတာကတော့ ဟန်နီတို့ ငယ်ငယ်ကတည်းက လေ့လာခဲ့တာပေါ့နော် ကိုယ့်ကိုယ်ကိုယ်လေ့လာတာတွေ လုပ်တယ် ပြီးတော့ သင်တန်းတွေတက်တယ် အဓိက အဟန့်အတားကတော့ ကိုယ့်ကိုယ်ကိုယ် လေ့လာတာတွေ လုပ်တဲ့အချိန်ပေါ့ ကိုယ်ဒီမှာ သိတဲ့ဟာတွေ တင်မဟုတ်ဘူး၊ တခြားနိုင်ငံက ဘယ်သူတွေဟာလုပ်လဲ သိတဲ့ဟာတွေ သူတို့ ဘာလုပ်လည်းဆိုတာကို လေ့လာချင်တယ်။ အတုခိုးချင်တယ်ဆိုရင် အဓိက က အင်တာနက်မှာ တက်ရှာတယ်”လို့ ပြောပါတယ်။

ပြိုင်ပွဲဟာ ၄၈ နာရီကြာမြင့်ပြီး အသီးအနှံတွေ တင်ပို့ရောင်းချတဲ့လုပ်ငန်းမှာ သုံးစွဲနိုင်တဲ့ application ကို ရေးဆွဲခဲ့တာဖြစ်ပါတယ်။ နည်းပညာနဲ့ ပတ်သက်လို့ သူတို့ ပထမဆုံး ကြုံတွေရတဲ့ အခက်အခဲကတော့ အင်တာနက်ကော်နက်ရှင်ပဲလို့ အဖွဲ့ဝင်တဦးဖြစ်တဲ့ မရွှေရည်မြဝင်းက အခုလို ဆိုပါတယ်။

“အင်တာနက်ကွန်နက်ရှင်တွေ နှေးတယ်ပေါ့နော် ပြီးရင် ကိုယ့်ကတော့ သိနေတတ်နေပါရဲ့ ဒါတွေကို ဖော်ထုတ်ပြီးတော့ ပြမယ့်နေရာမရှိဘူး။ အဲ့ဒီတော့ ကိုယ်က သိနေတတ်နေတာပဲ ရှိတယ် ကမ္ဘာက သိမလာဘူးပေါ့။”

အိုင်တီနဲ့ပတ်သက်ရင် မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းပါ အခက်အခဲရှိခဲ့လို့ နိုင်ငံခြားမှာ အလုပ်ထွက်လုပ်ရတဲ့ အနေအထားမျိုး ရှိခဲ့ပါတယ်။ အခုတော့ ပြောင်းလဲစပြုနေပြီ ဖြစ်ပေမယ့်လည်း အစိုးရရဲ့ထောက်ပံပေးမှုကတော့ လိုအပ်နေဆဲပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013