ကူမင်းဘူတာရုံ ဓားခုတ်သတ်ဖြတ်မှုနှင့် ပတ်သက်သူ ၃ ဦးကို သေဒဏ်ချမှတ်

ပြီးခဲ့တဲ့မတ်လက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းဘူတာရုံ ဓားခုတ်သတ်ဖြတ်မှုနဲ့ ပတ်သက်သူ အမျိုးသား ၃ ဦးကို သေဒဏ်၊ အမျိုးသမီးတဦးကိုတော့ စက်တင်ဘာလ ၁၂ ရက်နေ့က တသက်တကျွန်းဒဏ် ချခဲ့ပါတယ်။ Chinaသူတို့တွေအားလုံး ဓားမခုတ်ခင် ၂ ရက်က အဖမ်းခံခဲ့ရတာကြောင့် တိုက်ရိုက်ဓားခုတ်မှုမှာ မပါဝင်ခဲ့ပေမယ့် စီစဉ်ပေးခဲ့သူတွေလို့ ကူမင်းတရားရုံးက ဆိုပါတယ်။ မတ်လ ၁ ရက်နေ့ တိုက်ခိုက်မှုမှာ လူ ၃၁ ဦးသေဆုံးခဲ့ပြီး ၁၄၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ လူ ၈ ယောက် စီစဉ်ခဲ့ကြတာဖြစ်ပြီး တိုက်ရိုက်ပါဝင်သူ ၄ ဦးကတော့ ရဲတွေက နေရာမှာတင် ပစ်သတ်လို့ သေဆုံးခဲ့ပါတယ်။ တိုက်ခိုက်မှုကို တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်း မွတ်စလင်အကြမ်းဖက်တွေလို့ တရုတ်အစိုးရက အပြစ်တင်ထားပြီး အမြန်ဆုံးတရားစီစဉ်ခဲ့တာပါ။ ရှင်ကျန်းပြည်နယ်ကို အခြေခံတဲ့အကြမ်းဖက်တွေ မကြာခဏဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တရုတ်အစိုးရက လုံခြုံရေးအဆင့်တွေ တိုးမြှင့်ခဲ့ပါတယ်။

More News
Up