DVB Logo
Home
မြန်မာသတင်း
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြင်ဦးလွင်မြို့ နေအိမ်နှင့် လမ်းတချို့ ရေနစ်မြုပ်
DVB
·
September 12, 2014
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြင်ဦးလွင်မြို့ နေအိမ်နှင့် လမ်းတချို့ ရေနစ်မြုပ်
Donate to DVB

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်နဲ့ လမ်းတချို့ ရေနစ်မြုပ်မှု ဖြစ်ပွားနေပါတယ်။

ပြင်ဦးလွင်မြို့ အနိမ့်ပိုင်းရပ်ကွက်တချို့က နေအိမ်၊ လမ်းတွေနဲ့ လားရှိုးလမ်းမ ကားလေးဂိတ်တ၀ိုက်မှာ ဒီမနက်ကစပြီး ရေနစ်မြုပ်နေတာပါ။

Pyain Oo Lwinအထက်မြန်မာပြည် မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်ကတော့ ပြင်ဦးလွင်မြို့နယ်တ၀ိုက်မှာ နေရာကွက်ကြား မိုးရွာသွန်းခဲ့တာ ဖြစ်ပြီး မိုးဇလက မိုးရေချိန်တိုင်းတာခဲ့တဲ့ ၁၀ နှစ်လောက် အတွင်းမှာ အများဆုံး ရွာသွန်းခဲ့တာ ဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“နေရာကွက်ပြီးတော့ ရွာသွားတဲ့သဘောပေါ့။ မန္တလေးမှာ ဒသမ ၃၂ ပဲရွာတယ်။ ပြင်ဦးလွင်မှာ ၆ ဒသမ ၈၉ ဒါက တော်တော်များတယ်။ ၁၀ နှစ်လောက်အတွင်းမှာ တော်တော်များတဲ့ မိုးရေချိန်ပါ။ မုတ်သုန် ကုန်ခါနီးအချိန်မှာ ဖြစ်တတ်ပါတယ်။”

ပြင်ဦးလွင်ရဲစခန်းက တာဝန်ကျရဲအရာရှိတဦးကတော့ မိုးရွာသွန်းမှု များခဲ့တဲ့အတွက် ရေများလာတာ ဖြစ်ပြီး ရေပြန်ကျနေပြီလို့လည်း ဒီဗွီဘီကို ပြောပါတယ်။

“မိုးများသွားလို့ပါ။ ရေကြီးတဲ့သဘောတော့ မဟုတ်ပါဘူး။ အမြဲတမ်းကြီးတာလည်း မဟုတ်ပါဘူး။ အခုလည်း ကျကုန်ပါပြီ။”

အင်းထိပ်ဦးကျေးရွာမှာ နေထိုင်ပြီး ပြင်ဦးလွင်မြို့ ရေလျှံနေတဲ့နေရာတွေ သွားကြည့်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင် ဦးထွန်းမင်းစိုးကတော့ မေမြို့-လားရှိုးလမ်းမက အရင် ရေ၀ပ်နေကျနေရာတွေနဲ မြို့ပြင်ကျေးရွာတွေမှာ ရေ၀ပ်မှုတွေ ရှိတယ်လို့လည်း အခုလို ပြောပါတယ်။

“ရွာမှာတော့ ရွာနေတာ ၄ ရက်လောက်ရှိပြီ။ နေကိုမမြင်ပဲ မဲမှောင်ပြီးတော့ ရွာတာ။ အချိန်မပြတ် ဆက်တိုက်ရွာနေတာ။ မိုးများတာပေါ့။”

မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကတော့ ပြင်ဦးလွင်မြို့မှာ လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့ကလည်း မိုးရေချိန် ၄ ဒသမ ၆၈ နဲ့ မိုးရွာသွန်းခဲ့ပြီး ဒီကနေ့ နံနက်မှာတော့ ပြင်ဦးလွင်မြို့မှာ မိုးရွာသွန်းမှုက မိုးရေချိန်လက်မ ၆ ဒသမ ၈၉ ရှိခဲ့တဲ့အတွက် ၁၀ နှစ်အကျော်မှာ စံချိန်သစ်တင်ခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013