အဲကမ္ဘောဇက ရန်ကုန်- ချင်းမိုင်- ရန်ကုန် ပြေးဆွဲမည်
DVB
·
September 12, 2014
ပြည်တွင်းခရီးစဉ် သက်သက် ပြေးဆွဲနေတဲ့ အဲကမ္ဘောဇလေကြောင်းလိုင်းဟာ လာမယ့် အောက်တိုဘာလက စပြီး ထိုင်းနိုင်ငံ ချင်းမိုင်ခရီးစဉ်ကို စပြီး ပြေးဆွဲသွားတော့မယ်လို့ ထုတ်ပြန် ကြေညာပါတယ်။
လက်ရှိမှာတော့ အဲကမ္ဘောဇဟာ လေယာဉ် ၇ စင်းနဲ့ ပြည်တွင်းမြို့ကြီး ၁၅ မြို့ကို ပြေးဆွဲ နေတာ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် စတင်ပြေးဆွဲချိန်ကစ ၄ နှစ်အကြာမှာ ပထမဦးဆုံး ပြည်ပခရီးစဉ်ကို စတင်ပြေးဆွဲတာလို့လည်း သိရပါတယ်။
အဲကမ္ဘောဇဟာ ရန်ကုန်-ချင်းမိုင်-ရန်ကုန် ခရီးစဉ်ကို ခရီးသည် ၇၀ နီးပါး ဆန့်တဲ့ ATR-72 လေယာဉ်တွေနဲ့ ပြေးဆွဲသွားမယ်လို့ ကြေညာထားပါတယ်။
လက်ရှိ ရန်ကုန်- ချင်းမိုင်- ရန်ကုန် ခရီးစဉ်ကို အဲပုဂံက ပြေးဆွဲနေပြီး လာမယ့်လမှာ ရွှေမြန်မာလေကြောင်းလိုင်းကလည်း ပြေးဆွဲပါလိမ့်မယ်။
ဒါကြောင့် အဲကမ္ဘောဇဟာ ရန်ကုန်ကနေ ချင်းမိုင်ကို ပြေးဆွဲတဲ့ မြန်မာနိုင်ငံရဲ့ တတိယမြောက် လေကြောင်းလိုင်း ဖြစ်လာမှာ ဖြစ်ပါတယ်။