DVB Logo
Home
Lead Story
လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် ဦးစားပေး ရင်းနှီးမြှုပ်နှံရန် အေဒီဘီဘဏ် တိုက်တွန်း
DVB
·
September 12, 2014
လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် ဦးစားပေး ရင်းနှီးမြှုပ်နှံရန် အေဒီဘီဘဏ် တိုက်တွန်း
Donate to DVB

ADB Bankမြန်မာနိုင်ငံအနေနဲ့ စီးပွားရေးအရ အမြင့်ဆုံး စွမ်းဆောင်ရည်နဲ့ အကျိုးအမြတ် ရဖို့ဆိုရင် လမ်းပန်းဆက်သွယ်ရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ ဦးစားပေးသင့်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ)က အစီရင်ခံစာ ထုတ်ပြန် အကြံပေးလိုက်ပါတယ်။

“မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုအတွက် မဟာဗျူဟာမြောက် လုပ်ဆောင်စရာများ” ဆိုတဲ့ အစီရင်ခံစာမှာ ခုလို ထောက်ပြထားတာ ဖြစ်ပါတယ်။
လမ်းပန်းဆက်သွယ်ရေးဆိုရာမှာ ရထားလမ်း၊ ကားလမ်း၊ လေကြောင်းနဲ့ ရေကြောင်း အားလုံး ပါဝင်ပြီး အဲဒီ စီမံကိန်းတွေအတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ အချိန်မဆိုင်း ညှိနှိုင်း အကောင်အထည် ဖော်သင့်တယ်လို့ ဆိုပါတယ်။

ဒီလမ်းပန်းဆက်သွယ်ရေးကဏ္ဍဆိုတာဟာ စီးပွားရေးကနေ အကျိုးအမြတ် အမြင့်မားဆုံး ရအောင် မြှင့်တင်ပေးနိုင်မယ့် ကဏ္ဍဖြစ်တဲ့အပြင် မြို့ပြနဲ့ ကျေးလက်၊ နယ်စပ်ဒေသ ထိပါ ချိတ်ဆက်ပေးနိုင်ရင် ဖွံ့ဖြိုးမှု မညီမျှတာကိုလည်း လျော့ချနိုင်လိမ့်မယ်လို့ အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013