
ကချင်နဲ့ ရှမ်းပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေအတွက် ရန်ပုံငွေ ပန်းချီပြပွဲတခုကို လာမဲ့ စက်တင်ဘာ ၁၃ ရက်က စပြီး ရန်ကုန်မြို့မှာ ပြသသွားမှာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးအတွက် ပြပွဲလို့ အမည်ပေးထားတဲ့ ပန်းချီကားတွေ၊ အင်စတော်လေးရှင်းနဲ့ ပါဖောမန့်တွေ ပါဝင်တဲ့ ပန်ချီဆရာ ၇၀ ကျော်ရဲ့ အဲဒီပြပွဲကို ရန်ကုန်မြို့ ၃၅ လမ်း အလယ်ဘလောက်မှာ ရှိတဲ့ River Ayeyarwaddy ပြခန်းမှာ စက်တင်ဘာ ၂၁ ရက်အထိ ပြသသွားမှာပါ။
ပြပွဲမှာ စစ်ဘေးရှောင်ပြည်သူတွေရေးဆွဲထားတဲ့ မျှော်လင့်ငြိမ်းချမ်း အနာဂတ်လမ်းဆိုတဲ့ ပန်းချီကားလည်း ပါဝင်ပြီး ပြပွဲနောက်ဆုံးနေ့မှာ လေလံတင် ရောင်းချသွားမှာဖြစ်ပါတယ်။










