DVB Logo
Home
မြန်မာသတင်း
သာပေါင်းမြို့နယ် ကျေးရွာတွေ ရေကြီးမှုဒဏ်ခံနေရ
DVB
·
September 10, 2014
သာပေါင်းမြို့နယ် ကျေးရွာတွေ ရေကြီးမှုဒဏ်ခံနေရ
Donate to DVB

ဧရာဝတီတိုင်း သာပေါင်းမြို့နယ်မှာ င၀န်မြစ်ရေတက်မှုကြောင့် မြစ်ဘေးမှာ တည်ရှိ နေတဲ့ ကျေးရွာ အတော်တော်များများ ရေကြီးမှုဒဏ်ခံနေကြရပါတယ်။

င၀န်မြစ်ရေတက်မှုကြောင့် ကျေးရွာပေါင်း ၅၀ လောက် ရေကြီးရေလျှံမှု ဖြစ်ပွားနေတယ်လို့ ကျားရဲကျေး ရွာအုပ်စု ကတက်ရိုးကျေးက ဦးချစ်သန်းက ပြောပါတယ်။

TaungTwinGyi flooding 19082014“မြှုပ်နေတာ ၂ ရက် ၃ ရက် ၀န်းကျင်လောက်ပဲရှိဦးမယ်။ ရေကြီးတာက ဒီအနီးအနားမှာ ကျားရဲအုပ်စုထဲက ကညင်ကုန်း၊ ကျားရဲ၊ ကတတ်ရိုး၊ ထန်းကြို့ကုန်း အုပ်စုထဲမှာ အင်းကလေး၊ ကွင်းစု နောက် ဒီ့ပြင်အရှေ့ဘက်ခြမ်းမှာ မြေနိမ့်တဲ့အတွက် ရေမြှုပ်တဲ့ ဒဏ်ပိုခံရတယ်။ ကျေးရွာပေါင်း ၅၀၊ ၆၀ ၀န်းကျင်လောက်ရှိမယ်။

အဲဒီဒေသမှာ ရေကျမှ စပါးစိုက်လေ့ရှိတဲ့အတွက် စပါးခင်းတွေ ပျက်စီးတာမရှိပေမယ့် နေ့စဉ် စားဝတ်နေရေးအတွက် ငါးရှာနဲ့ ဖားရှာတဲ့ လုပ်ငန်း လုပ်မရလို့ စီးပွားရေး အဆင်မပြေမှုတွေ ရှိနေကြောင်း မန်ကျီးကုန်းကျေးရွာအုပ်စု ထန်းပင်ကွင်းကျေးရွာ ဦးတင်ကျူက ပြောပါတယ်။

“ရွာလမ်းမရိုးကြီးက မြေကြီးတွေဖို့ပြီး ကားလမ်းလုပ်ထားလို့ ကားလမ်းမမြှုပ်တာ။ လမ်းမ ဘေးတွေ မြှုပ်တယ်။ ကျနော့်ရွာနောက်ဖေးက စိုက်ခင်းလည်း မြှုပ်သွားပြီ။ ဘာအခက်အခဲရှိလဲဆိုတော့ ရှာလို့ ဖွေလို့မရတော့ စီးပွားရေး ခက်ခဲတာပေါ့။ ငါးဖားရှာဖို့ လည်း မရတော့ဘူး။ အဓိကတော့ ဒီလက ငါးဖားရှာဖွေလုပ်စားတဲ့ အချိန်ပေါ့။ အခက်အခဲတွေတော့ ရှိကြတာပေါ့။”

သာပေါင်းမြို့နယ်မှာ နှစ်စဉ် မိုးရာသီမှာ ရေကြီးရေလျှံ ဖြစ်ပွားလေ့ရှိပြီး ၂၀၀၄ ခုနှစ်က အဆိုးဆုံးရေကြီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ထုတ်ပြန်တဲ့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားရေးမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ တော့ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့မှာ သြဂုတ်လ ၂၉ ရက်နေ့ကတည်းက စိုးရိမ်ရေမှတ် ရောက်ရှိခဲ့ပြီး ဒီကနေ့ မြန်မာစံတော်ချိန် ၁၂ နာရီခွဲ တိုင်းထွာချက်အရ ယင်းမြို့ရဲ့ စိုးရိမ်ရေမှတ်ထိ ၁ ပေခွဲခန့် ကျော်လွန်နေကြောင်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013