Apple Watch တရားဝင် မိတ်ဆက်

2K
Apple ရဲ့ ထုတ်လုပ်မှုအသစ်ဖြစ်တဲ့ Apple Watch ကို တရားဝင် ကြေညာလိုက်ပါတယ်။
Apple နာရီမှာ Built in App ပေါင်း ၁၅ ခုကျော် ပါဝင်ပြီး LED နဲ့ Photo sensors တို့က လက်သွေးပြန်ကြောခုန်နှုန်းကို တိုင်းတာပေးတာကြောင့် ကျန်းမာရေးအတွက် အသုံးဝင်တဲ့ ပစ္စည်းလည်း ဖြစ်လာပါလိမ့်မယ်။
Fitness App တွေ ပါဝင်တာမို့ အားကစား သမားများအတွက် ရည်ရွယ်တဲ့ ပစ္စည်း တခုလည်း ဖြစ်ပါတယ်။
iPhone နဲ့ ချိတ်ထားတာကြောင့် အခြေခံအားဖြင့် ဖုန်းပြောခြင်း၊ Message ဖြေကြားခြင်း တို့ကို ပြုလုပ်နိုင်ပြီး အခြားသော feature များစွာ ပါဝင်ပြီး မိမိ စိတ်ကြိုက် ကြိုးအရောင်ကို လဲလှယ်လို့ ရပါတယ်။ အရောင်အပြင် ကြိုးကိုလည်း စိတ်ကြိုက် ရွေးချယ်လို့ ရပါတယ်။
stainless steel၊ aluminum နဲ့ 18-karat gold စတဲ့ ဒီဇိုင်းအမျိုးမျိုးနဲ့ ထုတ်လုပ်ထားပါလိမ့်မယ်။
Apple Watch ရဲ့ ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၃၄၉ ဒေါ်လာကနေ စတင်မှာ ဖြစ်ပါတယ်။ Apple Watch ကို ၂၀၁၅ နှစ်ဆန်းမှ ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။
