မီဒီယာဖိနှိပ်မှု ရပ်တန့်ရေး ဘားအံသတင်းထောက် ဆန္ဒပြ
DVB
·
September 8, 2014
မီဒီယာ ဖိနှိပ်မှု ရပ်တန့်ရေးအတွက် ကရင်ပြည်နယ် ဘားအံမြို့ခံ သတင်းထောက်တဦး ဘားအံမြို့မှာ ဒီကနေ့ တကိုယ်တော် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဒီမိုကရေစီနိုင်ငံ ရဲ့ လျော်ညီ စွာ မီဒီယာတွေကို လွတ်လပ်စွာ သတင်းယူခွင့်မပေးတာ၊ လုံခြုံရေးအကြောင်းပြပြီး ရဲတပ်ဖွဲ့က သတင်းထောက်တွေ မောင်းထုတ်တာတွေကို မကျေနပ်တဲ့အတွက် အခုလို ဆန္ဒပြတာလို့ ဆန္ဒပြသူ ဘားအံမြို့ခံ သတင်းထောက် ကိုဇော်ရဲထက်က ပြောပါတယ်။
ဒီဆန္ဒပြမှုမှာ မီဒီယာဖိနှိပ်မှု ရပ်တန့်ဖို့၊ မီဒီယာလွတ်လပ်ခွင့် ပေးဖို့၊ ပြည်သူ့အသံ နားထောင်ပါ၊ မီဒီယာနည်းဥပဒေ အမြန်ရေးဆွဲပေးဖို့နဲ့ မီဒီယာလွတ်လပ်ခွင့်အတွက် လွှတ်တော်တွေက ကူညီဆောင်ရွက်ပေးဖို့ ပိုစတာ ကိုင်ဆောင်ပြီး ဘားအံမြို့တွင်း စီတန်း လှည်လည်ဆန္ဒပြခဲ့တာလို့ ပြောပါတယ်။
ဒီဆန္ဒပြပွဲကို ခွင့်ပြုချက်တောင်းခံပြီးမှ ဆန္ဒပြခဲ့တာ ဖြစ်တဲ့အတွက် တစုံတရာ အရေးယူ ဆောင်ရွက်မှု မရှိဘူးလို့လည်း ကိုဇော်ရဲထက်က ပြောပါတယ်။