ဆီရာလီယွန်နိုင်ငံတွင် အီဘိုလာ ထိန်းချုပ်ရေး အိမ်ပြင်မရထွက်ရ ၃ ရက် သတ်မှတ်

ဆီရာလီယွန်နိုင်ငံမှာ အီဘိုလာရောဂါ ထိန်းချုပ်ရေး အစီအစဉ်တခုအနေနဲ့ ဒီလနှောင်းပိုင်းကျရင် တနိုင်ငံလုံး အတိုင်းအတာနဲ့ အိမ်ထဲကနေ အိမ်အပြင်မထွက်ရ ၃ ရက်သတ်မှတ်ထားတယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာနက အရာရှိတယောက်က စက်တင်ဘာလ ၆ ရက်နေ့မှာ အတည်ပြုပါတယ်။ Medical staff working with Medecins sans Frontieres prepare to bring food to patients kept in an isolation area at the MSF Ebola treatment centre in Kailahunဒါပေမယ့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (အမ်အက်အက်ဖ်) က ဒီ အစိအစဉ်က ရောဂါ ထိန်းချုပ်ရေးအတွက် အထောက်အပံ့ဖြစ်စေမှာ မဟုတ်ရုံမက ရောဂါကို ဖုံးဖိတာကြောင့် ပိုတောင် ဆိုးသွားနိုင်တယ်လို့ ပြောပါတယ်။ ဆီရာလီယွန် ပြန်ကြားရေးဝန်ကြီးက အိမ်အပြင်မထွက်ရ အစီအစဉ်ဟာ ပြည်သူတွေ ဘေးကင်းရေးအတွက် ဖြစ်တယ်လို့ ခုခံပြောဆိုပါတယ်။ ၃ ရက်ကြာ အိမ်အပြင်မထွက်ရ အစီအစဉ်ကြောင့် ကျန်းမာရေး လုပ်သမားတွေဟာ ရောဂါကူးစက်ခံရတယ်လို့ သံသယရှိသူတွေကို စိစစ်ရတာ လွယ်ကူသွားစေမယ်လို့ ပြောပါတယ်။ အီဘိုလာ ရောဂါဟာ မတ်လက ဂီနီ နိုင်ငံမှာ ပထမဆုံး တွေ့ခဲ့ပြီိး လိုက်ဘေးရီးယား၊ ဆီရာလီယွန်၊ နိုက်ဂျီးရီးယား၊ ဆီနီဂေါတို့မှာ အခုအထိ လူပေါင်း ၂၁၀၀ သေဆုံးခဲ့ပြီလို့ ကုလသမဂ္ဂ ပြောပါတယ်။ ၆ လကြာ ရောဂါကပ်ဘေး ထိန်းချုပ်ရေးမှာ ကျန်းမာရေး စနစ်တွေရဲ့ အားနည်းချက်တွေကြောင့် ထိန်းချုပ်ဖို့ ခက်ခဲနေပြီး ကမ္ဘာအဆိုးဆုံးရောဂါ ကပ်ဘေးတွေထဲက အဆိုးဆုံး စာရင်းဝင်ဖြစ်လာပါတယ်။

More News
Up