နိုင်ငံတကာမှာကျင့်သုံးနေတဲ့ ပီအာစနစ်နဲ့ အဆင်မပြေနိုင်ဘူး - ဦးရဲထွန်း
ရွှေအောင်
·
September 5, 2014
ရွေးကောက်ပွဲစနစ်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွေကို နေပြည်တော်မှာ ၂ ရက်ကျင်းပခဲ့ပြီး ဆွေးနွေးပွဲမှာ အမေရိကန်နဲ့ ဂျာမနီက ရွေးကောက်ပွဲဆိုင်ရာ အဖွဲ့ ၃ဖွဲ့က ရွေးကောက်ပွဲစနစ် ၃ မျိုးရဲ့ အားကောင်းချက် အားနည်းချက်တွေကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲတက်ခဲ့တဲ့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။
[caption id="attachment_64355" align="alignright" width="300"] ဆွေးနွေးပွဲ ကျင်းပနေစဉ်[/caption]
ဆွေးနွေးပွဲ ကို ရွေးကောက်ပွဲ စနစ် လေ့လာသုံး သပ်ရေး ကော်မရှင် အဖွဲ့ဝင်တွေနဲ့ စိတ်ပါဝင်စားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ စုစုပေါင်း ၂၅ ဦးလောက် တက်ရောက်ခဲ့ကြပြီး လွှတ်တော်ထဲ ရွေးကောက်ပွဲစနစ်တွေ ဆွေးနွေးကြတဲ့အခါ ၀င်ရောက်ဆွေးနွေးနိုင်ဖို့ အထောက်အကူရတယ်လို့လည်း ဦးရဲထွန်းက ပြောပါတယ်။
ဦးရဲထွန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။