ဆံပင်နှင့်တင်းနစ်ရိုက်တံ ငြိပြီး အမှတ်ဆုံးရှုံးခဲ့သည့် တင်းနစ်မယ်
Published By
DVB | 5 September, 2014
1.8K
0
Share
0
Comment
0
Likes

အရင်ရက်ပိုင်းက ကစားခဲ့တဲ့ ယူးအက်စ်အိုးပင်း အမျိုးသမီးပြိုင်ပွဲမှာ ကာရိုလင်း ဝေါဇင်းယာခီ နဲ့ အလက်ဇန္ဒရာ ဆာနိုဗစ်တို့ ယှဉ်ပြိုင်နေစဉ် ကာရိုလင်းရဲ့ ဆံပင်တွေ တင်းနစ်ရိုက်တံနဲ့ ငြိမိသွားတဲ့ ဖြစ်ရပ်တခု ဖြစ်သွားခဲ့ပါတယ်။
ဒီလို ငြိမိသွားပြီး သူက အကောင်းဆုံးပြန်ရိုက်ဖို့ ကြိုးစားပေမယ့်လည်း ဘောလုံးကို မထိမိဘဲ အမှတ်ဆုံးရှုံးသွားခဲ့ပါတယ်။
ဆံပင်ပြဿ နာ၊ ဆံပင်ညှပ်ဖို့လိုပြီ ဆိုပြီး ဒီဖြစ်ရပ်ကို သူမရဲ့ လူမှုရေး ကွန်ရက် တွစ်တာ အကောင့်ကနေတဆင့် ဖြန့်ဝေခဲ့ပါတယ်။ ဒီပွဲမှာတော့ သူမက အနိုင်ကစားသွားခဲ့ပြီး တတိယအဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။