စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်း အရှိဆုံးစာရင်းတွင် မြန်မာပါဝင်
DVB
·
September 5, 2014
ကမ္ဘာ့စီးပွားရေးဖိုရမ်က သတ်မှတ်တဲ့ စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်း အရှိဆုံးစာရင်းမှာ မြန်မာက နောက်ဆုံး ၁၀ နိုင်ငံမှာ ပါတယ်လို့ စက်တင်ဘာ ၃ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်းရှိမှု ၂၀၁၄-၁၅ အစီရင်ခံစာမှာ နိုင်ငံပေါင်း ၁၄၄ နိုင်ငံကို အခြေပြုပြီး ထုတ်လုပ်ထားတာပါ။
အရင်နှစ်က နိုင်ငံပေါင်း ၁၄၈ နိုင်ငံမှာ မြန်မာက ၁၃၄ နေရာမှာ ရှိပြီး ဒီနှစ်မှာတော့ နိုင်ငံပေါင်း ၁၄၄ နိုင်ငံမှာ မြန်မာက အဆင့် ၁၃၀ ကျော်ကို ရောက်ရှိလာပါတယ်။
ယှဉ်ပြိုင်နိုင်စွမ်းရှိဆုံး ၁၀ နိုင်ငံစာရင်းမှာ အာရှနိုင်ငံ ၃ နိုင်ငံပါဝင်ပါတယ်။ စင်ကာပူ၊ ဂျပန်နဲ့ ဟောင်ကောင်ပါ။
စီးပွားရေးယှဉ်ပြိုင်နိုင်ဖို့ သူများနိုင်ငံတွေနဲ့ယှဉ်ရင် မြန်မာနိုင်ငံရဲ့အိမ်ရာဈေးနှုန်း၊ လမ်းပန်း ဆက်သွယ်ရေး စတဲ့အခြေခံအဆောက်အအုံ လိုအပ်ချက်တွေ ရှိနေပါတယ်။