၈ လအတွင်း ဓာတ်လိုက်သေဆုံးသူ ၅၀ ကျော်ရှိ
DVB
·
September 5, 2014
၂၀၁၄ ခုနှစ်မှာ ၈ လအတွင်း ဓာတ်လိုက်သေဆုံးသူ ၅၅ ဦးခန့် ရှိနေတယ်လို့ နိုင်ငံပိုင်သတင်းတွေမှာ ဖော်ပြပါတယ်။
လျှပ်စစ်စီးဝင်နိုင်တဲ့ပစ္စည်းတွေ လိုင်းအောက်အနီးမှာ ကိုင်တွယ်မိတာနဲ့ စက်ရုံ၊ အလုပ်ရုံ၊ နေအိမ်တွေမှာ အသုံးပြုတဲ့ လျှပ်စစ်ပစ္စည်းတွေကို စနစ်တကျ တပ်ဆင်သုံးစွဲတာမျိုး မရှိတာတွေကြောင့် ဓာတ်လိုက်တာ အများဆုံးဖြစ်ပွားပြီး ဓာတ်အားလိုင်းပြတ်ကျတာကြောင့် ဓာတ်လိုက်ခြင်းက စတုတ္ထအများဆုံး ဖြစ်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ၁ နှစ်လုံးမှာတော့ ဓာတ်လိုက်တာကြောင့် သေဆုံးသူကတော့ ၁၀၇ ဦး အထိ ရှိနေပါတယ်။