Home
စီးပွားရေး
ဖားကန့်တွင် ကျောက်တူးလုပ်ငန်း မစနိုင်သေး
DVB
·
September 4, 2014
စက်တင်ဘာ ၁ ရက်နေ့ကစ ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ရပြီ ဖြစ်ပေမယ့် စစ်ပွဲအခြေအနေ၊ ရာသီဥတု အခြေအနေတွေအရ လုပ်ငန်းတွေ စတင်နိုင်ခြင်း မရှိသေးဘူးလို့ ကျောက်စိမ်းရတနာမြေ ကုမ္ပဏီမှ ဦးလင်းသော်နိုင်က ဒီဗွီဘီကို ပြောပါတယ်။ [caption id="attachment_53562" align="alignright" width="300"]ရေမဆေးကျောက် ရှာဖွေနေကြသူများ ရေမဆေးကျောက် ရှာဖွေနေကြသူများ[/caption]လက်ရှိ အခြေအနေအရ ဖားကန့်ကို သွားလာရ ခက်ခဲနေတာ၊ အစိုးရတပ်နဲ့ ကေအိုင်အေ တပ်ဖွဲ့ တိုက်ပွဲတွေ ဖြစ်မဖြစ် မသေချာတာ စတဲ့ အချက်တွေကြောင့် လုပ်ငန်း မစတင်နိုင်သေးပဲ အခြေအနေ စောင့်ကြည့်နေရတာလို့ ဆိုပါတယ်။ ဖားကန့်မှာ ကျောက်စိမ်း တူးဖော်ခွင့်တွေကို အစိုးရနဲ့ ကေအိုင်အေ တပ်တွေ တိုက်ပွဲဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကာလကစ ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဟောင်း ဦးတေဇကတော့ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ စီးပွားရေး အားကောင်းလာလို့ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၇ နှစ်တာ ကာလအတွင်း ကျောက်စိမ်းနဲ့ ကျောက်မျက်ရောင်းချမှုကနေ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံကျာ်နဲ့ ညီမျှတဲ့ ယူရိုငွေ ၁၃ ဘီလီယံကျော် ရခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024