ရခိုင်ဆင်းရဲမွဲတေမှု ၄၃ ရာခိုင်နှုန်းကနေ ၁၉ ရာခိုင်နှုန်းထိ လျော့ချမည်
DVB
·
September 4, 2014
ရခိုင်ပြည်နယ်ရဲ့ ဆင်းရဲမွဲတေမှုနှုန်းဟာ ၂၀၀၅ ခုနှစ်မှာ ၃၈ ရာခိုင်နှုန်းလောက်ပဲ ရှိရာကနေ ၂၀၁၀ ခုနှစ်ရောက်တော့ ၄၃ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း၊ ဒါကို ၂၀၁၅ ခုနှစ်မှာ ဆင်းရဲမွဲတေမှုနှုန်းကို ၁၉ ရာခိုင်နှုန်းအထိ လျှော့ချဖို့ ရည်မှန်းချက်ထား ကြိုးစားနေကြောင်း ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောပါတယ်။
စက်တင်ဘာ ၃ ရက်နေ့က ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း စစ်တွေမြို့မှာ အစိုးရတာဝန်ရှိသူတွေနဲ့ ပြည်သူတွေကို ဒေါက်တာ စိုင်းမောက်ခမ်းက ခုလို ပြောလိုက်တာပါ။
ဒုသမ္မတက ခုလို ဆင်းရဲမွဲတေမှု လျှော့ချဖို့ဆိုရင် ရခိုင်ပြည်နယ်မှာ တည်ငြိမ်မှုရှိဖို့ လိုမယ်၊ အစိုးရဘက်ကလည်း အခြေခံ အဆောက်အဦတွေ တည်ဆောက်ပေးနေတယ်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာဖို့လည်း လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။