မန်ယူက ကမ္ဘာ့ထိပ်တန်းကစားသမားများ ဆက်ဝယ်မည်

အပြောင်းအရွှေ့ရာသီအတွက် ပေါင်သန်း ၁၅၀ အသုံးပြုလိုက်တာဟာ ကမ္ဘာ့ထိပ်တန်း ကစားသမားတွေကို ဆက်လက် ၀ယ်ယူသွားဖို့ အစပျိုးလုပ်ဆောင်ချက်တခုသာ ဖြစ်တယ်လို့ အင်္ဂလန် ပရီးမီးယားလိဂ်က ပြိုင်ဘက် ကလပ်အသင်းတွေကို မန်ချက်စတာ ယူနိုက်တက် ကလပ် အသင်းက သတိပေးလိုက်ပါတယ်။ mut1ကစားသမားအပြောင်းအရွှေ့ ရာသီမှာတော့ ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ နဲ့ ရီးရဲမက်ဒရစ်ကလပ် အသင်းက ဒီမာရီယာကို ၀ယ်ယူခဲ့သလို တခြားကစားသမား ၅ ဦးကိုလည်း ခေါ်ယူခဲ့ပါတယ်။ ဆောက်သင်တန်က လူးကပ်ရှောအတွက် ပေါင် ၃၁.၅ သန်နဲ့ မိုနာကိုအသင်းက ရာဒါမဲလ် ဖယ်လ်ကာအိုကိုလည်း ပေါင် သန်း ၂၀ နဲ့ အငှား ခေါ်ယူခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေ အဆိုအရ ထူးချွန်တဲ့ ကစားသမားတွေ ကို စုဆောင်းတာ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ ကစားသမား ၀ယ်ယူဖို့ အသုံး စရိတ်တွေကိုတော့ ကြော်ငြာခကရတဲ့ ၀င်ငွေနဲ့ ပေးဆောင်သွားမှာ ဖြစ်သလို နောက်ထပ် ကစားသမား ၀ယ်ယဖို့ အလုံအလောက် ရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၂-၁၃ ရာသီမှာတော့ ကြော်ငြာကနေ ကလပ်အသင်းက ပေါင် ၁၅၂.၅ သန်း ၀င်ငွေ ရရှိခဲ့သလို ဒီဝင်ငွေက ပိုပြီးတော့ မြင့်တက်လာပြီး ၂၀၁၃-၁၄ အတွက် လာမယ့် လအတွင်း ထုတ်ပြန်ချက်မှာတော့ ပေါင် ၁၉၀ သန်းအထိ ရောက်ရှိလာနိုင်သလို နောက်နှစ်မှာတော့ ပေါင် ၂၄၀ သန်းအထိ ရောက်ရှိနိုင်ယတ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် တပတ်ကိုပေါင် ၃ သိန်းပေးရတဲ့ ရွန်နီလိုကစားသမားရဲ့ လစာမျိုးတွေ ပေးနိုင်ဖို့ ကြော်ငြာခက လုံလောာက်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကလပ်အသင်းမှာ စပွန်ဆာနဲ့ စီးပွားရေး လက်တွဲဖော် ၂၉ ခုရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up