မြန်မာယူ ၁၉ အသင်း ထိုင်း၊ အင်ဒိုနီးရှားတို့နှင့် တအုပ်စုတည်း ကျရောက်

U19AFF-QCဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ 2014 AFF NUTIFOOD ယူ ၁၉ ဖလားကို လာမယ့် စက်တင်ဘာ ၅ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ အုပ်စု(အေ) မှာ မြန်မာ၊ အင်ဒိုနီးရှားနဲ့ ထိုင်းအသင်းတို့ ပါဝင်ပြီး အုပ်စု(ဘီ) မှာ အိမ်ရှင် ဗီယက်နမ်၊ ဂျပန်နဲ့ သြစတြေးလျအသင်းတို့ ပါဝင်ပါတယ်။ မြန်မာအသင်းဟာ ပွဲဦးထွက်ပွဲစဉ်အဖြစ် ဟန်ဒေးကွင်းမှာ စက်တင်ဘာ ၇ ရက်နေ့ ဒေသစံတော်ချိန် ည ၇ နာရီ ထိုင်းအသင်းနဲ့ စက်တင်ဘာ ၉ ရက်နေ့ ညနေ ၄ နာရီခွဲမှာ အင်ဒိုနီးရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ တတိယလုပွဲနဲ့ ဗိုလ်လုပွဲစဉ်တွေကို စက်တင်ဘာ ၁၃ ရက်နေ့ ဟနွိုင်းမြို့ရှိ ဟန်ဒေးကွင်းမှာ ကျင်းပ ပြုလုပ်မှာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up