တုပ်ကွေးကူးစက်မှု ပြည်သူများ မထိတ်လန့်ကြရန် ဂျပန်အစိုးရပြော

ဂျပန်နိုင်ငံတွင်း တုပ်ကွေးဗိုင်းရပ်စ် ကူးစက်မှု ၃၄ မှု ဖြစ်ခဲ့ပေမယ့် ပြည်သူတွေ ထိတ်လန့် တုန်လှုပ်မှု မဖြစ်ကြဖို့ ဂျပန်အစိုးရက စက်တင်ဘာ ၂ ရက်နေ့က ဆော်သြလိုက်ပါတယ်။ တိုကျိုမြို့တော်က အရာရှိတွေကတော့ ကူးစက်မှုဖြစ်ရာ အလယ်က ပန်းခြံထဲမှာ ရေခဲခြောက်တွေနဲ့ ခြင်တွေ ကြိုက်တတ်တဲ့ အလင်းရောင်ကို သုံးပြီး အဆင့်မြင့်နည်းပညာသုံး ခြင်ဖမ်းထောင်ချောက်တွေကို ဆင်ထားပါတယ်။ [caption id="attachment_64082" align="alignright" width="300"]140902-japan-dengue-fever-630a_bfaccd2768667a36f7d9dc047ffc24c0.nbcnews-ux-640-440 ခြင်သားပေါက်မှုကို ကာကွယ်ဖို့ ပန်းခြံတွင်း ရေပန်းတွေနဲ့ ရေကန်တွေထဲက ရေတွေကို ထုတ်ပစ်ခဲ့[/caption] တခြားဘယ်နိုင်ငံကိုမှ လတ်တလော သွားလာမှု မရှိဘဲ ဒီပန်းခြံကို လာလည်ခဲ့သူ အနည်းဆုံး ၃၄ ယောက် တုပ်ကွေးမိခဲ့တယ်လို့ ဆိုပါတယ်။ ပန်းခြံအရာရှိတွေက ခြင်သားပေါက်မှုကို ကာကွယ်ဖို့ ပန်းခြံတွင်း ရေပန်းတွေနဲ့ ရေကန်တွေထဲက ရေတွေကို ထုတ်ပစ်ခဲ့ကြပါတယ်။ ရုပ်မြင်သံကြား အစီအစဉ် တင်ဆက်တဲ့ နာမည်ကျော်တွေပါ တုပ်ကွေးမိနေလို့ ဒေသခံတွေ စိုးရိမ်မှု မြင့်နေတာပါ။ တုပ်ကွေးအဖျားရောဂါဟာ အေးဒီးစ်အမျိုးအစား ခြင်ကိုက်ရာက ဖြစ်ပွားတဲ့ ဗိုင်းရပ်စ် အခြေပြု ကူးစက်ရောဂါ ဖြစ်ပါတယ်။ ကာကွယ်ဆေးနဲ့ ကုသဆေးပါ အတည်ပြုမှု မရှိသေးပါဘူး။ ကူးစက်ခံ အများအပြားကတော့ ဆေးရုံရောက်လေ့ ရှိပြီး လူသေစေနိုင်လောက်တဲ့ရောဂါလည်း မဟုတ်ပါဘူး။ အရင်ကတုပ်ကွေးဟာ အပူပိုင်းဒေသမှာသာ ကူးစက်ပေမယ့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုနဲ့ ကမ္ဘာ့ပြုဖြစ်စဉ်အတွင်း ခရီးသွားမှုတွေကြောင့် ကမ္ဘာရဲ့ တခြားနေရာတွေကို ပျံ့နှံ့ခဲ့ပါတယ်။ ခုတော့ ဥရောပတောင်ပိုင်းနဲ့ အမေရိကန်တောင်ပိုင်း အစိတ်အပိုင်းတွေမှာပါ တုပ်ကွေး ကူးစက်ခံနေရပါတယ်။

More News
Up