ကလီဗာလေကို အက်စတွန်ဗီလာက ၁ နှစ် အငှားခေါ်ယူ

751
ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာက မန်ယူကွင်းလယ်သမား တွမ် ကလီဗာလေကို တနှစ်အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။
စာချုပ်အရ မန်ယူအနေနဲ့ ကလီဗာလေကို ဇန်န၀ါရီမှာ ပြန်ခေါ်နိုင်ဖို့ အခွင့်အရေးရှိသလို ဗီလာကလည်း အပြီးတိုင် ခေါ်ယူဖို့ အခွင့်အရေး ရထားပါတယ်။
အသက် ၂၅ နှစ်အရွယ် ကလီဗာလေဟာ မန်ယူအသင်းမှာ ခြေစွမ်း မပြနိုင်လို့ ပုံမှန် ပွဲထွက်ခွင့် တဖြည်းဖြည်း ဆုံးရှုံးလာနေတာပါ။
သူဟာ အင်္ဂလန်အသင်းအတွက် ၁၃ ပွဲ ကစားခွင့် ရထားပါတယ်။ ကွင်းလယ်သမားဟာ မန်ယူရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
