DVB Logo
Home
Lead Story
ယခုလအတွင်း တယ်လီနောက ဆင်းကတ် ၁၀ သန်း ရောင်းမည်
DVB
·
September 2, 2014
ယခုလအတွင်း တယ်လီနောက ဆင်းကတ် ၁၀ သန်း ရောင်းမည်
Donate to DVB

ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်ရထားတဲ့ နော်ဝေပိုင် တယ်လီနောကုမ္ပဏီဟာ တာဝါတိုင် ၈၀၀ ကျော် စိုက်ထူပြီးနေပြီမို့ အခု စက်တင်ဘာလအတွင်း ဆင်းကတ် ၁၀ သန်း စပြီး ရောင်းချပေးမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

Telenor simကျပ်ငွေ ၁၅၀၀ နဲ့ ရောင်းချပေးမယ့် တယ်လီနော ဆင်းကတ်တွေကို ကနဦးအနေနဲ့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် ၃ မြို့မှာပဲ ကိုင်ဆောင် အသုံးပြုနိုင်ဦးမယ်လို့ ဆိုပါတယ်။

တယ်လီနော ဆင်းကတ်တွေဟာ 2G နဲ့ 3G စနစ် ၂ မျိုးစလုံး အသုံးပြုနိုင်တာကြောင့် ဂျီအက်စ်အမ်စနစ်သုံး ဘယ်ဟန်းဆက်နဲ့ မဆို အသုံးပြုလို့ ရကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လောလောဆယ် မြန်မာ့ဆက်သွယ်ရေးကလည်း 3G ဂျီအက်စ်အမ် ဆင်းကဒ်တွေကို ကိုယ်စားလှယ်အရောင်းဆိုင်တွေကနေ တဆင့် ကျပ် ၁၅၀၀ နဲ့ ရောင်းချနေပြီး နှစ်ကုန်အထိ အရည်အတွက် ၅ သန်းရောင်းချပေးသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013