DVB Logo
Home
Lead Story
အောင်ဘာလေထီ တိုးထုတ်တော့မည်
DVB
·
September 2, 2014
အောင်ဘာလေထီ တိုးထုတ်တော့မည်
Donate to DVB

လာမယ့် အောက်တိုဘာလမှာ အကြိမ် ၃၁၀ မြောက် အောင်ဘာလေထီဖွင့်ပွဲကနေ စပြီး နဂို အက္ခရာ ၃၅ လုံး ထုတ်လုပ်ရောင်းချပေးနေရာကနေ အက္ခရာ အလုံး ၄၀ ထုတ်လုပ် ရောင်းချပေးတော့မယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာနက ကြေညာပါတယ်။

Myanmar-Lotteryနဂိုက ထီလက်မှတ်စောင်ရေ ၃၁ သန်းခွဲ ရောင်းချပေးနေ ရာကနေ အောက်တိုဘာ အတွက် စောင်ရေ ၃၆ သန်း ရောင်းချပေးမယ့် သဘော ဖြစ်ပါတယ်။

ဒီအတွက် နဂိုထီရောင်းရငွေ ၅ ဒသမ ၇ ဘီလီယံနီးပါး ရနေရာ ကနေ အောက်တိုဘာ ထီရောင်းရာကနေ ၆ ဒသမ ၅ ဘီလီယံကျော် ရလာမှာ ဖြစ်ပြီး ကျပ်ငွေ သန်း ၉၀၀ နီးပါး ပိုရလာမှာ ဖြစ်ပါတယ်။

ဒီအတွက် ထီရောင်းရာကနေ အစိုးရအတွက် အခွန်အဖြစ် နဂိုက ၁ လ ၂ ဒသမ ၃ ဘီလီယံနီးပါး ရနေရာကနေ အောက်တိုဘာမှာ ၂ ဒသမ ၇ ဘီလီယံနီးပါး ရလာတော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013