ထိန်းသိမ်းခံ မြန်မာနိုင်ငံသားများ မလေးရှားမှ ပြန်ရောက်
DVB
·
September 2, 2014
မလေးရှားမှာ အစိုးရသက်သေအဖြစ် ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၂၀ ဦး စက်တင်ဘာလ ၁ ရက်နေ့က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိပြီ ဖြစ်ပါတယ်။
မလေးရှားမြန်မာသံရုံးရဲ့ သံတမံရေးအရ ညှိနှိုင်းပေးခဲ့တဲ့အတွက် အခုလို ပြန်ခွင့်ရတာဖြစ်ပြီး Mai 502 နဲ့ မြန်မာနိုင်ငံကို ပြန်ပို့လိုက်တာလို့ သံရုံးကတာဝန်ရှိသူတဦးက ပြောပါတယ်။
မြန်မာနိုင်ငံသားတွကို ဗီဇာအတုနဲ့ မလေးရှားနိုင်ငံကို ခေါ်ဆောင်လာတဲ့ မြန်မာအေးဂျင့် ၃ ဦးကိုတော့ လာမယ့် စက်တင်ဘာလကုန်လောက်မှ အမိန့်ချမှတ်ပြီးဖြစ်ပါတယ်။
ပုံမုန်အားဖြင့် ဒီ အေ့ဂျင့် ၃ ဦး အမိန်ချပြီးမှ အိမ်ပြန်နိုင်မှာ ဖြစ်ပေမယ့် သံတမန်နည်းနဲ့ ညှိနှိုင်းမှုအရ အခုလို မြန်မာနိုင်ငံကိုပြန်နိုင်ရတာလို့လည်း ပြောပါတယ်။
ဒါ့အပြင် ဗီဇာအတု ကိုင်ဆောင်မှုနဲ့ ထောင်ဒဏ် ၁ နှစ်စီချမှတ်ခံထားရဲ့ မြန်မာ ၅၂ ဦးကိုလည်း ပြစ်ဒဏ်တွေ လျော့ပေါ့ပေးဖို့နဲ့ အမြန်ဆုံး အိမ်ပြန်နိုင်ဖို့ သံတမန်နည်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သံအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။