DVB Logo
Home
Lead Story
တရားဝင်တောင်းပန်မှ သရဖူပြန်အပ်မည်ဟု မေမြတ်နိုးပြော
DVB
·
September 2, 2014
တရားဝင်တောင်းပန်မှ သရဖူပြန်အပ်မည်ဟု မေမြတ်နိုးပြော
1 / 24
Donate to DVB

၂၀၁၄ ခုနှစ် အာရှပစိဖိတ်အလှမယ် မေမြတ်နိုးက သရဖူကို National Organization ဆီ ပြန်အပ်မှာမဟုတ်ဘဲ ကိုရီးယားရှိ Miss Asia Pacific Organization က တရားဝင်တောင်းပန်စာနဲ့ တောင်းပန်မှ တိုက်ရိုက်ပြန်လည်ပေးအပ်မယ်လို့ ဒီနေ့ ပြောဆိုလိုက်ပါတယ်။

10514529_763996453638857_4666313574396634692_nအလှမယ် မေမြတ်နိုးဟာ Miss Asia Pacific World 2014 သရဖူကို ဇွန်လတုန်းက ချီးမြှင့်ခံရတာဖြစ်ပြီး ၃ လအတွင်း သရဖူပြန်သိမ်းခံရ တာ ဖြစ်ပါတယ်။

မြန်မာအလှ မယ် မေမြတ်နိုးရဲ့ သရဖူ ကို ပြန်လည် ရုပ်သိမ်းကြောင်း Miss Asia Pacific World က ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Miss Asia Pacific World က ထုတ်တဲ့ ကြေညာချက်မှာ မေမြတ်နိုးဟာ သူ့ကို အောင်ပွဲ ဆီ ဆောင်ကျဉ်းခဲ့တဲ့ သူရဲ့မိခင်အဖွဲ့ အစည်းနဲ့ နေရှင်နယ် ဒါရိုက်တာ၊ မန်နေဂျာ၊ မီဒီယာနဲ့ ပရိ သတ်တွေကို လိမ်လည်ပြီး မလေးမစားလုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီလို သရဖူ အသိမ်းခံလိုက်ရတာနဲ့ ပတ်သက်ပြီး  မေမြတ်နိုးကတော့ သူ့အနေနဲ့ သရဖူ အသိမ်းခံရတဲ့အထိ အမှားကို မလုပ်တဲ့အတွက် ပြန်လည်ရှင်းလင်း မယ်လို့ ပြောဆိုခဲ့ပြီးနောက် ဒီနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

အပြည့်အစုံ ဆက်လက်ဖော်ပြပါမည်

သတင်းစာရှင်းလင်းပွဲ ဓာတ်ပုံ

[gallery ids="63968,63969,63970,63971,63972,63973,63974,63975,63976,63977,63978,63979,63980,63981,63982,63983,63984,63985,63986,63987,63988,63989,63990"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013