DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဖြစ်စဉ် အရပ်ဘက်လူမှုအဖွဲ့များကို မွန်ပြည်သစ်ပါတီ ရှင်းလင်း
DVB
·
September 2, 2014
ငြိမ်းချမ်းရေးဖြစ်စဉ် အရပ်ဘက်လူမှုအဖွဲ့များကို မွန်ပြည်သစ်ပါတီ ရှင်းလင်း
Donate to DVB

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အပါဝင်ဝင်၊ မွန်ပြည်သစ်ပါတီရဲ့ လက်ရှိ လုပ်ဆောင်ချက်တွေနဲ့ ပက်သက်ပြီး မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာနတာဝန်ခံက အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၀ ကျော်က ကိုယ်စားလှယ်တွေကို စက်တင်ဘာ ၁ ရက်နေ့က တွေ့ဆုံရှင်းလင်းခဲ့ပါတယ်။

mon party copyမော်လမြိုင်မြို့၊ မွန်ပြည်သစ်ပါတီ ရဲ့ ပြည်တွင်းရေးရာ ဌာနရုံးက နိုင်ရွှေကျင်စာကြည့် တိုက်မှာ ပြည်တွင်းရေးရာ ဌာနတာဝန်ခံ နိုင်ဝင်းလှက မွန်လူငယ် ပညာပေး ရေးအဖွဲ့၊ မွန်အမျိုးသမီး အဖွဲ့တွေအပါဝင် မွန်တိုင်းရင်း အရပ်ဘက်အဖွဲ့အစည်း ၂၀ ကျော်က ကိုယ်စားလှယ်တွေနဲ့ အပြန်အလှန်ဆွေးနွေးခဲ့တာပါ။

လက်ရှိ တိုင်းရင်းသားတွေနဲ့အစိုးရ ကိုယ်စားလှယ်တွေ ဆွေးနွေးညှိနှိုင်းနေကြတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အခြေအနေတွေ၊ မွန်ပြည်သစ်ပါတီရဲ့ လက်ရှိရပ်တည်နေတဲ့ အခြေအနေတွေနဲ့ ပါတီအပေါ် မွန်တိုင်းရင်းသားတွေရဲ့အမြင် ပြည်သူတွေရဲ့သဘောထားကြံပြုချက်တွေကို ရယူဖို့ မွန်ပြည်သစ်ပါတီက ဗဟိုကော်မတီဝင်တွေက အခုနှစ် ဇွန်လကတည်းက လိုက်လံ ချပြဆွေးနွေနေတာဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ ဒီနေ့တွေ့ဆုံဆွေးနွေးတာဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013