ပါကစ္စတန်ဝန်ကြီးချုပ် နုတ်ထွက်ရေး ဆန္ဒပြသူများနှင့်ရဲတပ်ဖွဲ့ အခြေအနေတင်းမာ

1K
ပါကစ္စတန်နိုင်ငံ မြို့တော်မှာ ဆန္ဒပြသမားတွေနဲ့ ရဲအဖွဲ့တွေကြား အခြေအနေ တင်းမာနေဆဲဖြစ်ပြီး အတိုက်အခံ ခေါင်းဆောင် အင်ရန်ခန်းက ပါကစ္စတန် ၀န်ကြီးချုပ် န၀ပ် ရှာရစ် နုတ်ထွက်ပေးဖို့ ဆက်ပြီး တောင်းဆိုနေပါတယ်။
ဆန္ဒပြသမားတွေဟာ အစ္စလာမ္မာဘတ်မြို့မှာ သြဂုတ်လလယ်ကတည်း က ဆန္ဒပြနေ တာ ဖြစ်ပါတယ်။
စက်တင်ဘာ ၁ ရက်နေ့ အစောပိုင်းမှာ ဆန္ဒပြသမားတွေနဲ့ ရဲတပ်ဖွဲ့တို့ကြား ၀ရုန်းသုန်းကားဖြစ်ပြီး တနေ့လုံး ထိပ်တိုက်တွေ့မှုတွေ ဆက်ဖြစ်နေခဲ့ပါတယ်။
ဆန္ဒပြခေါင်းဆောင် နှစ်ယောက်ဖြစ်တဲ့ နိုင်ငံရေးသမား ခန်းနဲ့ ဘာသာရေးခေါင်းဆောင် ကာဒရီတို့က လက်နက်ကိုင်တပ်တွေနဲ့ ထိပ်တိုက်မတွေ့ဘဲ ရှောင်ကြဖို့၊ အမိန့်ကို တသွေမတိမ်း လိုက်နာဖို့ ညွှန်ကြားထားပါတယ်။
ရာထူး ကနေ နုတ်ထွက်ပေး ဖို့ ငြင်းဆန်နေတဲ့ ၀န်ကြီးချုပ်ဟာ လွှတ်တော် နှစ်ရပ်ကို ဒီနေ့ မိန့်ခွန်းပြောဖို့ ရှိပါတယ်။
နောက်ဆုံး ပဋိပက္ခအတွင်း လူ ၃ ဦး သေဆုံးခဲ့ပြီး ရာနဲ့ချီပြီး ဒဏ်ရာရခဲ့ပါတယ်။

