DVB Logo
Home
Lead Story
သမ္မတ ဦးသိန်းစိန် ဥရောပခရီးစဉ် ထွက်ခွာ
DVB
·
September 2, 2014
သမ္မတ ဦးသိန်းစိန် ဥရောပခရီးစဉ် ထွက်ခွာ
Donate to DVB

သမ္မတ ဦးသိန်းစိန်ဟာ ဥရောပ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကနေ စက်တင်ဘာ ၁ ရက်နေ့ ညနေပိုင်းမှာ ထွက်ခွာသွားပါတယ်။

20140901-1_3ဥရောပအဖွဲ့ဝင်ဖြစ်တဲ့ ဂျာမဏီ၊ ဆွစ်ဇာလန်နဲ့ နယ်သာလန် နိုင်ငံတွေကို ပထမဆုံးအကြိမ်အဖြစ် ၁၀ ကြာ ခရီးစဉ် သွားရောက် တာ ဖြစ်ပါတယ်။

ချစ်ကြည်ရေး မြှင့်တင်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်ရေး တိုးတက် လာဖို့ ဖြစ် တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အီးယူဟာ မြန်မာ့ ပြုပြင်ပြောင်းလဲရေးအတွက် ထောက်ခံအားပေးနေပြီး ငွေကြေးအရ ကူညီမှု ပေးနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

ဦးသိန်းစိန်ဟာ စက်တင်ဘာ ၂ ရက်နေ့ ဂျာမဏီနိုင်ငံမှာ ၀န်ကြီးချုပ် မာကယ်နဲ့ တွေ့ဆုံးပြီး စက်တင်ဘာ ၃ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မှာပါ။ အဲဒီကနေတဆင့် ဆွစ်ဇာလန်နဲ့ နယ်သာလန်နိုင်ငံတွေကို ခရီးဆက်မှာ ဖြစ်ပါတယ်။

ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့နှစ်ကလည်း ဗြိတိန်၊ နော်ဝေ၊ ပြင်သစ်၊ အီတလီနဲ့ ဘယ်ဂျီယံနိုင်ငံတွေကို သွားရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013