DVB Logo
Home
မြန်မာသတင်း
မြန်မာဆန် ပိုးမွှားကင်းစင်ကြောင်း စစ်ဆေးမှု သဘောတူညီချက် လက်မှတ်ထိုးမည်
DVB
·
September 1, 2014
မြန်မာဆန် ပိုးမွှားကင်းစင်ကြောင်း စစ်ဆေးမှု သဘောတူညီချက် လက်မှတ်ထိုးမည်
1 / 2
Donate to DVB

မြန်မာဆန်တွေ တရုတ်နိုင်ငံကို တရားဝင် တင်သွင်းခွင့်ရရှိရေး ပထမခြေလှမ်းအဖြစ် မြန်မာဆန် ပိုးမွှားကင်းစင်ကြောင်း စစ်ဆေးမှု (AQSIQ) သဘောတူညီချက်ကို စက်တင်ဘာလအတွင်း မြန်မာနဲ့ တရုတ် နှစ်နိုင်ငံ လတ်မှတ်ရေးထိုးကြဖို့ ရှိနေပါတယ်။

[caption id="attachment_63890" align="alignright" width="300"]10661836_625185547595156_5278879945463390275_o နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးနေစဉ်[/caption]

စက်တင်ဘာလအ တွင်း နေပြည်တော်မှာ ကျင်းပဖို့ ရှိနေတဲ့ အာဆီယံအစည်း အဝေးမှာ ၂ နိုင်ငံ လယ်ယာစိုက်ပျိုးရေး ၀န်ကြီးတွေ တွေ့ဆုံပြီး လတ်မှတ်ရေးထိုးနိုင်ဖို့ စာချုပ်မှုကြမ်းကို ပြင် ဆင်နေတယ် လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အတွင်းရေး မှူး ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

တရုတ် ကုန်ပစ္စည်းအရည်အသွေး ကြီးကြပ်စစ်ဆေးရေးနဲ့ ပိုးမွှားကင်းစင်ရေး အုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (ASQIQ) ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာအစိုးရတာဝန်ရှိသူတွေ၊ ဆန်စပါးအသင်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို စပါးကွင်းတွေ၊ ဆန်စက်တွေ၊ ဆန်စပါးကုမ္ပဏီတွေ၊ ဆန်တင်ပို့တဲ့ ဆိပ်ကမ်းတွေနဲ့ ပိုးမွှားကင်းစင်ရေး ဆောင်ရွက်ချက်တွေကို လေ့လာခဲ့အပြီး အကြမ်းဖျင်း သဘောတူညီခဲ့ပါတယ်။

10636509_625185454261832_3992972973137838340_oမြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ တရုတ်ကိုယ်စားလှယ် အဖွဲ့တွေ စက်တင်ဘာ ၁ ရက်နေ့ ရန်ကုန်မှာ တွေ့ဆုံခဲ့အပြီး  ၂ နိုင်ငံ တာဝန်ရှိသူတွေ လတ်မှတ်ရေးထိုးမယ့် စာချုပ်မူကြမ်းမှာ ပါဝင်မယ့် အချက်တွေ ကို ဆွေးနွေးခဲ့ကြတယ် လို့ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

“ကျနော်မြင်တာကတော့ အဆင်ပြေပါတယ်။ လက်မှတ်ထိုးပြီးရင် နောက်တဆင့်မှ လူတွေမျှော်လင့်နေကြတဲ့ အရောင်းအ၀ယ်အတွက် နောက်တဆင့်ပြန်ထိုးရမယ်။ ပထမအဆင့်ကတော့ ဒီဟာကို အရင်ထိုးရမယ်၊ ပြီးရင် အစိုးရချင်း ထိုးမယ်။ အဲဒီအချိန်ကျမှ အစိုးရချင်း ခွဲတမ်းရမလား၊ မရဘူးလား ဆွေးနွေးတာပေါ့။”

လက်ရှိ မြန်မာမှာ ကျင့်သုံးနေတဲ့ အရည်အသွေးစစ်ဆေးတဲ့ စံနှုန်းတွေထဲက တချို့ကို လက်ခံသလို ပိုးမွှားဌာနက ၁ နှစ်ကို အကြိမ် ၅၀၀ စစ်ဆေးနေတာကို ပိုမိုစစ်ဆေးဖို့ မြန်မာဆန်စိုက်ပျိုးမှုမှာ ပေါင်းမြက်တွေ များနေတဲ့အတွက် ရှင်းထုတ်ဖို့နဲ့ ပိုးသတ်တာကိုလည်း သတ်မှတ်နေရာမှာ သီခြားလုပ်ဆောင်ဖို့ ၂ နိုင်ငံ ပိုးမွှားနဲ့ ပတ်သက်ပြီး သတင်းအပြန်အလှန် ဖလှယ်ဖို့ ကိစ္စတွေ တရုတ်ဘက်က  အကြံပြုခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့ဆန်တွေက  ပိုးသတ်ဆေး အမြောက်အမြား မသုံးစွဲတဲ့အတွက် တရုတ်အတွက် အဆင်ပြေပေမယ့် စိုက်ပျိုးရာမှာ မျိုးစိတ်ကွဲတွေ အများအပြား ရှိနေတယ်လို့ မှတ်ချက်ပေးခဲ့ တယ်လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

တရုတ်နိုင်ငံကို  တရားဝင် တင်သွင်းခွင့်ရရင် မြန်မာဆန်အရည်အသွေးနဲ့ ပတ်သက်ပြီး ကြိုတင် ပြင်ဆင်ထားကြဖို့ လည်း ဒေါက်တာစိုးထွန်းက ပြောပါတယ်။

“အရည်အသွေးနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ဖို့ လိုမယ်။ အရည်အသွေးကောင်းအောင် ကြိုးစားဖို့လိုမယ်၊ နောက်တခုက တရားဝင် တင်ပို့တာ ဖြစ်သွားတဲ့အတွက် နယ်စပ်ကတင်တင်၊ သင်္ဘောကတင်တင်၊ လိုက်နာရမယ့် စံချိန်စံညွှန်းတွေကို သိအောင် လေ့လာဖို့လိုပြီလို့ မြင်ပါတယ်။ အဲလို မပြင်ဆင် မလေ့လာဘဲနေမယ်ဆိုရင် တရားဝင်တင်ပို့ခွင့်ရပေမယ့် တနိုင်တပိုင်လုပ်တဲ့သူတွေအတွက် အခက်တွေ့ပြီး လုပ်ငန်းကနေ ကွယ်ပျောက်သွားနိုင်တဲ့ အနေအထားမျိုး ကြုံတွေ့နိုင်တယ်လို့ ကျနော့်အနေနဲ့ သတိပေးလိုပါတယ်။”

မြန်မာနိုင်ငံရဲ့ ပြည်ပဆန်တင်ပို့မှု စုစုပေါင်းပမာဏရဲ့ ၈၀ ရာခိုင်နှုန်းကို တရုတ်ကို နယ်စပ်ကနေ မြန်မာဘက်က တရားဝင် တင်ပို့နေပေမယ့်  တရုတ်နိုင်ငံဘက်ကတော့ ဒါကို တရားဝင် တင်သွင်းခွင့်ပြချက် မပေးပါဘူး။

ဆန်အရည်အသွေး စစ်ဆေးတဲ့ သဘောတူညီချက်ကို လတ်မှတ်မထိုးနိုင်သေးတာဟာ  မြန်မာဆန် တင်ပို့မှုကို  တရုတ်က တရားမ၀င်အဖြစ် သတ်မှတ်ထားရခြင်းရဲ့ အကြောင်းအရင်းတခု ဖြစ်ပါတယ်။
ဧပြီ ၁ ရက်ကနေ သြဂုတ် ၁၅ ရက်နေ့ အထိ မြန်မာနိုင်ငံက ဆန်တန်ချိန် ၅ သိန်းကျော် နိုင်ငံရပ်ခြားကို တင်ပို့ခဲ့တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013