DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတွင် တက္ကသိုလ် ကျောင်းသားများ ဆန္ဒပြ
DVB
·
September 1, 2014
စစ်ကိုင်းတွင် တက္ကသိုလ် ကျောင်းသားများ ဆန္ဒပြ
1 / 4
Donate to DVB

ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသားပညာရေး ဥပဒေမူကြမ်းကို မကျေနပ်လို့  စစ်ကိုင်းမြို့က တက္ကသိုလ်ကျောင်းသားတွေ ဒီကနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

Sagain Student Protest copyစစ်ကိုင်းမြို့က စစ်ကိုင်း ၀ိဇာနဲ့သိပ္ပံ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နဲ့ သမ၀ါယမ တက္ကသိုလ်တွေ က ကျောင်းသူကျောင်း သား ၃၀ ကျော်က  သူတို့ရဲ့ ကျောင်းတွေရှေ့ မှာ လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

Sagain Student Protest 2 copyအမျိုးသားပညာရေးဥပဒေ မူကြမ်းဟာ  ခေတ်ပညာ တတ်ကျောင်းသားတွေ ကို မွေးထုတ်ပေးနိုင်မှာ မဟုတ်ဘဲ ကျွန်သပေါက်တွေ ပဲ မွေးထုတ်ပေးမယ့် စနစ်သာ ဖြစ်တဲ့အတွက် ဖျက်သိမ်းပြီး ပြန်လည်ရေး ဆွဲရေး၊ မတရားထုတ်ပြန်ထား တဲ့ ကျောင်းစည်းကမ်းတွေ ဖျက်သိမ်းရေး၊ ကျောင်းသားထုအခွင့်အရေး ရရှိရေးတွေအတွက် ဆန္ဒပြတာလို့ ဆန္ဒပြဦးဆောင်သူ တဦးဖြစ်တဲ့ သမ၀ါယမတက္ကသိုလ်ကျောင်းသား ကိုမင်းထက်စိုးက ပြောပါတယ်။

Sagain Student Protest 1 copyဆန္ဒပြကျောင်းသားတွေ ဟာ အဆိုပါ တက္ကသိုလ် ၃ ခု ရှေ့သွားပြီး တောင်းဆို ဆန္ဒပြခဲ့ကြ တာ ဖြစ်ပါတယ်။

ဒီဆန္ဒပြမှုနဲ့ ပတ်သက်ပြီး  အာဏာပိုင်တွေကတော့ တစုံတရာ အရေးယူဆောင်ရွက်မှု မရှိသေးပါဘူး။

ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်နေ့တုန်းကလည်း မုံရွာတက္ကသိုလ် ကျောင်းသူကျောင်းသား တွေက အမျိုးသားညာရေးဥပဒေမူကြမ်းကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

Sagain Student Protest 3 copyပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်နေ့က ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းဟာ ဗဟိုချုပ်ကိုင်မှု များလွန်းတယ်ဆိုပြီး  ကျောင်းသားသမဂ္ဂတွေ၊  တက္ကသိုလ်ဆရာနဲ့ ဆရာများသမဂ္ဂနဲ့ ပြည်တွင်းက ပညာရေးကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားတဲ့  ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်အဖွဲ့(အန်အန်အီးအာ)တို့ကလည်း ကန့်ကွက်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013