စက်တင်ဘာတွင် မိုးလွန်မုန်တိုင်း သတိထားရန် ဒေါက်တာထွန်းလွင်ပြော
ထွန်းထွန်းသိန်း
·
September 1, 2014
စက်တင်ဘာလဟာ မိုးနှောင်းကာလနဲ့ မုတ်သုံဆုတ်ခွာတဲ့ကာလဖြစ်ပြီး ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်ပွားမယ့် မိုးလွန်မုန်တိုင်းတွေကို သတိထားဖို့ လိုတယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ဒီဗွီဘီကို ပြောပါတယ်။
[caption id="attachment_16687" align="alignright" width="300"] ဒေါက်တာ ထွန်းလွင်[/caption]
“ဒီနှစ် ဘင်္ဂလားပင်လယ်အော် မှာ မုန်တိုင်းက ၂ ကြိမ်ပဲ ဖြစ်သေးတယ်။ မုတ်သုံအဆုတ်နဲ့ ကျန်တဲ့ မိုးလွန်ကာလမှာ ဘင်္ဂလားပင်လယ်အော် မှာ မုန်တိုင်းတွေ ဖြစ်ဖို့ အလားအလာ အများကြီး ရှိနေပါတယ်။”
၂၀၁၃ ခုနှစ် မုတ်သုံ ဆုတ်ခွာတဲ့ အောက်တို ဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလမှာ မုန်တိုင်း ၅ လုံးဖြစ်ပွားခဲ့သလိုပဲ မိုးလွန်မှာ နှစ်စဉ် မုန်တိုင်းအဖြစ်များပြီး မိုးလွန်မုန်တိုင်းအများစုက မြန်မာနိုင်ငံကို ၀င်တဲ့အတွက် သတိထားသင့်တယ်လို့လည်း ဒေါက်တာထွန်းလွင်က ပြောပါတယ်။
မိုးလွန်မုန်တိုင်းကြောင့် မိုးရွာသွန်းမှု များစေပြီး မိုးလွန်မိုးကြောင့် လယ်သမားတွေနဲ့ လယ်ယာလုပ်ငန်းခွင်တွေမှာ သတိထားဖို့ လိုတယ်လို့လည်း သူက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ မိုးကြိုကာလနဲ့ မိုးလွန်ကာလတွေက မုန်တိုင်းအန္တရာယ်ရှိတဲ့ကာလအဖြစ် သတ်မှတ်ထားပြီး ၂၀၀၈ ခုနှစ် မေ ၂ ရက်က တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဧရာဝတီတိုင်းဒေသကြီးက လပွတ္တာ၊ ဘိုကလေး၊ ဖျာပုံနဲ့ ဒေးဒရဲစတဲ့ မြို.နယ်တွေ အပါအ၀င် ရန်ကုန်တိုင်းဒေသမှာ ထိခိုက်ပျက်စီးမှုတွေကြောင့် လူပေါင်း ၁ သိန်း ၃ သောင်းကျော် သေဆုံးခဲ့ပြီး ကျပ် ၁၁ ဒသမ ၇ ထရီလီယံ ဆုံးရှုံးခဲ့ပါတယ်။