အမေရိကန်လူမည်းတဦးကို ရဲက ပစ်သတ်မှု တရားမျှတစွာ ဖော်ပေးရန် တောင်းဆိုဆန္ဒပြ
Published By
DVB | 31 August, 2014
905
0
Share
0
Comment
0
Likes

အမေရိကန် ပြည်ထောင်စုမှာ လူမည်းဆယ်ကျော်သက်ကို လူဖြူရဲက သတ်ဖြတ်ခဲ့တဲ့ ကိစ္စကို မကျေနပ်တဲ့ ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေပါတယ်။
ရာနဲ့ချီတဲ့ ဆန္ဒပြသမားတွေဟာ ဖာဂူဆန် ဆင်ခြေဖုံးမှာ သြဂုတ်လ ၃၀ ရက်နေ့မှာ ဆန္ဒပြခဲ့ကြပြီး လွန်ခဲ့တဲ့ ၃ ပတ်က မိုက်ကယ်ဘရောင်း သေဆုံးခဲ့တဲ့ ကိစ္စကို တရားမျှတစွာ ဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
သြဂုတ်လ ၃၀ ရက်နေ့ ဆန္ဒပြပွဲဟာ ရဲအဖွဲ့ရဲ့ ရက်စက်မှုကို ဆန့်ကျင်တာဖြစ်တယ်လို့ စည်းရုံးတွေက ပြောပါတယ်။
သြဂုတ်လ ၉ ရက်နေ့က လက်နက်မပါတဲ့ လူမည်း ဆယ်ကျော်သက်ကို လူဖြူရဲက သေနတ်နဲ့ ပစ်လို့ သေဆုံးခဲ့တာကို အကြောင်းပြုလို့ စိန့်လူဝစ်မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေပြီး ကမ္ဘာလုံးက အာရုံစိုက်စရာဖြစ်နေပါတယ်။