DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီ လူငယ်မျိုးဆက်များ တာဝန်ယူနိုင်သူများဖြစ်အောင် ကြိုးစားရန် ဒေါ်စု တိုက်တွန်း
DVB
·
August 31, 2014
အန်အယ်လ်ဒီ လူငယ်မျိုးဆက်များ တာဝန်ယူနိုင်သူများဖြစ်အောင် ကြိုးစားရန် ဒေါ်စု တိုက်တွန်း
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူငယ်မျိုးဆက်သစ်တွေ ပိုပြီး တာဝန်ယူနိုင်သူတွေ ဖြစ်အောင် ကြိုစားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

dvb5အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တာဝန်ယူခဲ့ကြတဲ့ မျိုးဆက်သစ်တွေ တွေ့ဆုံပွဲကို သြဂုတ်လ ၃၀ ရက်နေ့မှာ ရန်ကုန်မြို့ ရွှေဂုံတိုင်က တော်ဝင်းနှင်းဆီခန်းမမှာ ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

အန်အယ်ဒီ လူငယ်ကို ၃၅ နှစ်အထိ သတ်မှတ်ခဲ့တာဟာ စစ်အစိုးရလက်ထက် စည်းရုံးရေး ခက်ခဲတဲ့ အခြေအနေအောက်မှာ သတ်မှတ်ခဲ့တယ်ဆိုတာကို နားလည်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားသွားပါတယ်။ ဒါကြောင့် လက်ရှိ လူလတ်ပိုင်း အရွယ်ဖြစ်နေကြတဲ့ အန်အယ်ဒီ လူငယ်တွေဟာ ကိုယ့်အသက်အရွယ်နဲ့ ထိုက်တန်တဲ့ တာဝန်ကို ယူနိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

မြန်မာပြည်မှာ လူငယ်အလုပ်လက်မဲ့ ပြဿ နာ၊ ဘွဲ့ရအလုပ်လက်မဲ့ ပြဿနာဟာ အဓိက ပြသနာဖြစ်ပြီး လူငယ်မျှော်လင့်ချက်မဲ့တဲ့ အခြေအနေရောက်လာရင် အန္တရာယ်တခု ဖြစ်နိုင်တယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013