DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့သစ် စီမံကိန်းကို ကျေးရွာဒေသခံတချို့ လက်မှတ်ရေးထိုး ကန့်ကွက်မည်
DVB
·
August 30, 2014
ရန်ကုန်မြို့သစ် စီမံကိန်းကို ကျေးရွာဒေသခံတချို့ လက်မှတ်ရေးထိုး ကန့်ကွက်မည်
Donate to DVB

ရန်ကုန်မြို့သစ် စီမံကိန်းကို ကျေးရွာဒေသခံ တချို့က လက်မှတ်ရေးထိုး ကန့်ကွက်ပြီး သမ္မတဆီ စာပို့ဖို့ ရှိနေပါတယ်။

ကြည့်မြင်တိုင် ဆိပ်ကြီးခနောင်တို တွံတွေးမြို့နယ်တွေက မြေဧက ၃ သောင်းကျော်မှာ အကောင်အထည်ဖော်မယ့် မြန်မာ့စေတနာ မြို့သစ်စီမံကိန်းကို ကန့်ကွက်ဖို့အတွက် တွံတွေးမြို့နယ် ဒေသခံတချို့က ပြင်ဆင်နေကြတာပါ။

[caption id="attachment_63710" align="alignright" width="300"]twetale ရန်ကုန်မြို့သစ်စီမံကိန်းဧရိယာအတွင်း ရောင်းချမည့် မြေကွက်များ (ဓာတ်ပုံ-ထွန်းထွန်းသိန်း)[/caption]

ဒီစီမံကိန်းအတွက် ခုထဲကလယ်ယာမြေတွေကို ဈေးကောင်းပေးဝယ်နေပြီး လယ်သမား တွေ နောက်ပိုင်းမှာ အလုပ်လက်မယ့်ဖြစ်နိုင်တဲ့အတွက် ကျေးရွာပေါင်း ၅၀ ကျော်က ကန့်ကွက် ချင်တဲ့သူတွေရဲ့ လက်မှတ်တွေကို လိုက်ကောက်သွားမှာ ဖြစ်တယ်လို့လည်း လက်မှတ်ကောက်ခံဖို့ စီစဉ်နေတဲ့ တွံတေးဒေသခံ ဦးအောင်ဖေက ဒီဗွီဘီကို ပြောပါတယ်။

“လယ်ယာတွေ မရှိတော့ဘူး။ မရှိတဲ့အခါမှာ ဆန်စပါး ပြဿ နာတွေ ပေါ်လာမယ်။ နောက် လယ်သမားတွေရဲ့ အခြေအနေတွေ ပျက်သွားမယ်။ လယ်သမားက လယ်ပဲစိုက်တက်တယ်။ ကျနော်ကတော့ သူဋ္ဌေးတွေက တဖက်လှည့်နဲ့ ငွေနဲ့ ပေါက်ပြီး လယ်သမားတွေကို စည်းရုံးတယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့လို့ ဒါကို ကျနော်မကျေနပ်ပါဘူး။ အဲဒါကြောင့် ဒါကို ကန့်ကွက်အနေနဲ့ မကျေနပ်တဲ့ လယ်သမားတွေရဲ့ လက်မှတ်တွေ စုဆောင်းပြီး သမ္မတဆီ တင်မှာပါ။”

စီမံကိန်း အကောင်အထည်မဖော်ခင် လယ်မြေတွေကို ကြိုပြီး ပွဲစားတွေဆီမှာ ရောင်းချနေ တာတွေကြောင့် လက်ရှိမှာ လယ်အကူအလုပ်သမား အများစုဟာ အလုပ်လက်မဲ့ အခြေအနေနဲ့ ရင်ဆိုင်လာရဖွယ်ရှိပါတယ်။

သံဖြူရုံကျေးရွာသူ ဒေါ်ခင်မေကတော့ လယ်သမားတွေ လယ်ယာမြေရောင်းချနေတာ ကြောင့် လယ်အကူအလုပ်သမားတချို့ အလုပ်လက်မဲ့ဖြစ်နေတယ်လို့ အခုလိုပြောပါတယ်။
“လယ်ကူလီပဲ လုပ်ကြတယ်။ ဒီအလုပ်ပဲရှိတယ်။ အခုကတော့ လယ်တွေ ရောင်းလိုက်တယ် ဆိုတော့ လယ်လုပ်ဖို့ မရှိတော့ဘူးပေါ့။ သူတို့လူနဲ့ သူတို့ လုပ်နေကျတော့ ကိုယ့်ကိုယ် မငှားတော့ဘူးပေါ့။ တချို့တွေက လယ်တွေကို အရင်နှစ်တွေထဲက ရောင်းထားကြတာ။ အခုမှ ဈေးတွေက မတော်မတရားတက်သွားတာ။ လယ်တွေက ကုန်သလောက် ရှိသွားပြီ။”

စီမံကိန်းအတွင်းပါဝင်တဲ့ တွံတွေးမြို့နယ် ကားလမ်းမကြီးဘေးက မြေဧကတွေဟာ တစ်ဧကကို သိန်းတစ်ထောင်ကျော် ဈေးပေါက်နေပြီး ကျေးရွာထဲမှာကတော့ ပေ ၂၀ ပေ ၆၀ တကွက်ကို သိန်း ၂၀၀ ကျော်ထိ ဈေးတွေ မြင့်တက်လာနေပါတယ်။

ရုတ်တရက်ထွက်ပေါ်လာတဲ့ ဒီရန်ကုန်မြို့သစ်စီမံကိန်းအပေါ် ပွင့်လင်းမြင်သာမှုရှိဖို့ မီဒီယာတွေကနေ ဝေဖန်သံတွေ ထွက်ပေါ်နေသလို ဒေသခံတွေ ဖက်ကလည်း ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး အသေးစိတ်ကို သိလိုစိတ်ပြင်းပြနေကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကတော့ ရန်ကုန်မြို့သစ်စီမံကိန်းကို မကြာခင်မှာပဲ ပွင့်လင်းမြင်သာစွာနဲ့ တင်ဒါခေါ်ယူသွားမယ်လို့ သြဂုတ်လ ၂၈ရက်နေ့က ထုတ်ပြန် ကြေညာထားပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013