Home
မြန်မာသတင်း
လယ်ပျက်စီးသူများ ကူညီထောက်ပံ့မှု အပြည့်မရ
နော်နိုရင်း
·
August 30, 2014
အစိုးရက ရေနစ်မြုပ်ပျက်စီးတဲ့ လယ်ဧကတွေအတွက် ကူညီထောက်ပံ့မှု အစီအစဉ်လုပ်ဆောင်ရာမှာ လယ်သမားအများစုက မရကြပဲဖြစ်နေပါတယ်။ hin tha da flooding 05082014 (2)ပဲခူးတိုင်းဒေသကြီး သနပ္ပင်မြို့နယ်အတွင်းမှာ ရေကြီးမှုကြောင့် လယ်ယာမြေပျက်စီး သွားတဲ့ လယ်သမားတွေကို အစိုးရကနေပြီး ပျက်စီးတဧက ၁၂၀၀၀ နဲ့ ထောက်ပံ့ပိုးနေပြီး ထိခိုက် လယ်တွေအတွက် တဧကို ၆၀၀၀ နဲ့ ပံ့ပိုးနေတာပါ။ ဒါပေမယ့် လယ်သမားအများစုရဲ့ ပျက်စီးလယ်တွေအတွက် ထောက်ပံငွေမရကြဘူးလို့ သနပ္ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောပါတယ်။ “သူတို့တင်ပြချက်တွေ ကြည့်တဲ့အခါမှာ ပျက်စီးတာ ထိခိုက်တာ ဧက ၄ သောင်းလောက်အထိ ရှိနိုင်တယ်။ ဒါပေမယ့် အာဏာပိုင်အစိုးရကနေပြီး အသိအမှတ်ပြု ဆောင်ရွက်တာ ပျက်စီးထိခိုက်ဧက ၁၉၀၀၀ ကျော်ပေါ့။ အန်ကယ့်ဆီကို လူကိုယ်တိုင် လာတိုင်တာရော၊ ဖုန်းနဲ့ရော၊ စာပို့ပြီးတော့ပေါ့ သူတို့မမှန်မကန်ဘူး သူတို့ကို လျော့ပြီး ပေးနေတယ်ဆိုပြီး တိုင်ကြတယ်။ ရွာတွေမှာ ဘာတွေဖြစ်နေလဲဆိုတော့ သူတို့ တရားဝင် ပျက်စီးတယ်၊ ထိခိုက်တယ်ဆိုပြီး စာရင်းပြတာ တ၀က်တောင် မရှိဘူး။ တချို့ရွာတွေကတော့ တ၀က်လောက်ရှိတယ်။ အဲဒီအခါမှာ သူတို့က အောက်ခြေမှာ တကယ်ပျက်စီး ထိခိုက်တဲ့သူတွေကို  ပံ့ပိုးပေးလို့ မရဘူး ဖြစ်နေတယ်။” ဒီလိုတောင်သူတွေ ထောက်ပံ့မှုအပြည့်အ၀ မရရှိတဲ့ကိစ္စကို စက်တင်ဘာလဆန်းပိုင်း ပြန်ကျင်းပမယ့် လွှတ်တော်မှာ ဆွေးနွေးဖို့ အရေးကြီးအဆိုတင်သွင်းထားတယ်လို့ သူက ပြောပါတယ်။ သနပ္ပင်မြို့နယ် စွန်ပိကျေးရွာမှာဆိုရင် လယ်သမား ၃၁ ဦးရဲ့ ပျက်စီးလယ်ဧက ၁၀၀ ကျော် တင်ထားပေမယ့် လယ်သမား ၇ ဦးရဲ့ ပျက်စီးလယ် ၄၂ ဧကကိုသာ ထောက်ပံ့ခဲ့တယ်လို့ စွန်ပိ ကျေးရွာ လယ်သမား ကိုဇော်လင်းအောင်က ပြောပါတယ်။ “ကျနော်တို့တင်တာ ပထမ လူဦးရေ ၃၁ ဦးကို ဧက ၁၀၀ ကျော် ခင်ဗျ။ သူတို့ပေးတာက ၇ ဦးကို ၄၂ ဧက။ အဲဒါတွေ ဝေလို့တော့ ပြီးသွားပြီ။ ဘယ်လိုဝေလိုက်လဲဆိုတော့ ၄၂ ဦးထဲကပဲ ပြန်မျှပြီးတော့ အချိုးချဝေပေးလိုက်ရတယ်။ သူတို့ပေးတာက တဧကကို ၁၂၀၀၀ နှုန်းဆိုပေမယ့် ကျနော်တို့ဆီမှာ ရတာက တဧကကို ၆၀၀၀ နှုန်းလောက်ပဲရကြတာပေါ့။” ဒီလိုအလားတူဖြစ်စဉ်မျိး တခြားရွာတွေမှာလည်း ဖြစ်နေတယ်လို့ သူက ပြောပါတယ်။  ပျက်စီးသွားတဲ့ လယ်တွေအတွက် ပြန်စိုက်ဖို့ အချိန်မရတော့တဲ့အတွက် လယ်သမား တွေအနေနဲ့ မတ်ပဲ နဲ့ ပဲတီစိမ်းကိုသာ စိုက်ပျိုးဖို့ စောင့်နေကြတယ်လို့ သူက ပြောပါတယ်။ သနပ္ပင်မြို့နယ်မှာ သြဂုတ်လဆန်ပိုင်းကစတဲ့ ရေကြီးရေလျှံမှုဟာ ပြီးခဲ့အပတ်ကမှ ရေပြန်ကျခဲ့တာဖြစ်ပြီး လယ်ဧက ၅ သောင်းကျော် ရေနစ်မြုပ်ခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024