DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်၊ ကောလိပ်များအနီး တည်းခိုခန်းများမရှိဟု ရန်ကုန်မြို့တော်ဝန်ပြော
DVB
·
August 29, 2014
တက္ကသိုလ်၊ ကောလိပ်များအနီး တည်းခိုခန်းများမရှိဟု ရန်ကုန်မြို့တော်ဝန်ပြော
Donate to DVB

ရန်ကုန်က တက္ကသိုလ်တွေနဲ့ ကောလိပ်တွေအနားမှာ ဟိုတယ်နဲ့ တည်းခိုခန်းတွေ မရှိပါဘူးလို့ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောပါတယ်။

ဒဂုံမြို့သစ် မြောက်ပိုင်း၊ မဲဆန္ဒနယ် အမှတ် ၂ က ကိုယ်စားလှယ် ဦးထွန်းလွင်ရဲ့ တက္ကသိုလ်တွေနဲ့ ကောလိပ်တွေအနားက ဟိုတယ်၊ တည်းခိုခန်းတွေရဲ့ လိုင်စင်တွေကို ကြပ်မတ်ပေးဖို့ မေးခွန်းကို ဖြေကြားခဲ့တာပါ။

9ဟိုတယ်နဲ့ တည်းခိုခန်းတွေဟာ တည်းခိုရုံမဟုတ်ဘဲ အမိန့်ရ ဇိမ်ခံခန်းများသ ဖွယ် ဖြစ်နေ လို့ ကျောင်းသား လူငယ်နဲ့ ပြည်သူတွေ စာရိတ္ထမဏ္ဍိုင်ပျက်စီးပြီး ဆိုးရွားတဲ့ ရောဂါတွေ မရအောင် ဒီတည်းခိုခန်းတွေရဲ့ လိုင်စင်တွေကို ပြန်လည် စိစစ်ကြပ်မတ်ပေးဖို့ ဦးထွန်းလွင် က မေးမြန်းခဲ့တာပါ။

ဒီမေးခွန်းအပေါ် မြို့တော်ဝန်က ရန်ကုန်မှာ ဟိုတယ်နဲ့ တည်းခိုခန်းပေါင်း ၃၈၀ ကျော်ရှိတာမှာ ဒဂုံ တက္ကသိုလ်နားမှာ တခုပဲရှိပြီး ပေ ၈ ထောင်ကျော်ဝေးတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ပြီးတော့ ဟိုတယ်နဲ့ တည်းခိုခန်းတွေ လိုင်စင်ချပေးတဲ့အခါ ကားပါကင်၊ အဆောက်အဦရဲ့ ကြံ့ခိုင်မှု စတာတွေကို စစ်ဆေးပြီးမှ လိုင်စင်ချပေးတယ်လို့လည်း သူက ပြောပါတယ်။

လက်ရှိမှာတော့ ရန်ကုန်မြို့က တချို့ ဟိုတယ်နဲ့ တည်းခိုခန်းတွေဟာ အချိန်ပိုင်းစနစ်နဲ့ အခန်းငှားနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013