ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်များ ပြန်လည်ဖွဲ့စည်း

Union Election Commissionတနိုင်ငံလုံးမှာရှိတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်ပေါင်း ၁၃၀၀၀ ကျော်အနက် ဝေးလံခေါင်းပါးဒေသအချို့ကလွဲပြီး အားလုံးလောက်နီးနီး ပြန်လည်ဖွဲ့စည်းထားပြီး ဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးရဲ့ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောပါတယ်။ ရပ်ကျေးကော်မရှင်တွေကို ပြင်ဆင်ဖွဲ့စည်းတာမဟုတ်ဘဲ အရင်ရှိပြီးသားကော်မရှင်က သေဆုံးသွားသူတွေနဲ့ နုတ်ထွက်သွားသူတွေနေရာကို အစားထိုးပြီး ပြန်လည်ဖွဲ့စည်းတာ ဖြစ်ပါတယ်။ ရပ်ကွက်မှာ အမှန်တကယ်နေထိုင်သူ၊ အများယုံကြည်လေးစားခြင်းခံရသူ၊ ပါတီနိုင်ငံရေး ကင်းရှင်းသူ စတဲ့သူတွေနဲ့ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်တွေ ဖွဲ့စည်းခဲ့တာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up