DVB Logo
Home
Lead Story
မြန်မာ့လေကြောင်းလိုင်းကို နာမည်ပြောင်းပြီး ပြည်ပ ပြေးဆွဲမည်
DVB
·
August 29, 2014
မြန်မာ့လေကြောင်းလိုင်းကို နာမည်ပြောင်းပြီး ပြည်ပ ပြေးဆွဲမည်
Donate to DVB

Myanmar Airwayလက်ရှိ ပြည်တွင်းခရီးစဉ်တွေ ပြေးဆွဲနေတဲ့ မြန်မာ့လေကြောင်းလိုင်း (အမ်အေ)ဟာ လာမယ့် ၂၀၁၅ နှစ်ဆန်းပိုင်းကျရင် မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airline) အဖြစ် နာမည်ပြောင်းပြီး ပြည်ပခရီးစဉ်တွေ ပြေးဆွဲသွားတော့မယ်လို့ မြန်မာ့လေကြောင်း တာဝန်ရှိသူတဦးက အတည်ပြုပြောဆိုပါတယ်။

နာမည်ပြောင်းပြီး နိုင်ငံတကာလေကြောင်းအဖြစ် ပြေးဆွဲတဲ့အခါ အစိုးရဘဏ္ဍာငွေ သုံးစွဲတော့မှာ မဟုတ်ပဲ ပုဂ္ဂလိကအဖွဲ့အစည်းတရပ်အဖြစ် ဖွဲ့စည်းပြီး ပြည်ပကုမ္ပဏီတခုခုနဲ့ ပူးပေါင်း လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။

ဒီအတွက် သိပ်မကြာသေးခင် ကာလကပဲ အမေရိကန်အခြေစိုက် ဂျီအီးကုမ္ပဏီကနေ ၆ နှစ်အတွင်း ဘိုးအင်းလေယာဉ် ၁၀ စင်း ငှားရမ်းဖို့ စာချုပ်ချုပ်ထားပြီးပြီလို့ သူက ရှင်းပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013