Home
မြန်မာသတင်း
အီဘိုလာရောဂါ ဟုတ်မဟုတ် ဓာတ်ခွဲစစ်ဆေးရန် ပေးပို့
DVB
·
August 29, 2014
Myanmar CDC Ebolaအီဘိုလာသံသယရှိ လူနာရဲ့ ဓာတ်ခွဲနမူနာကို ရောဂါအတည်ပြုစစ်ဆေးနိုင်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ လေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့တို့နဲ့ ညှိနှိုင်းပြီး ဇီဝလုံခြုံမှုသတ်မှတ်ချက်နဲ့အညီ ဒီနေ့ ပို့ဆောင်လိုက်ပြီလို့ ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဂျာမနီနိုင်ငံ၊ ဟန်းဘတ်မြို့ရှိ ညွှန်းပို့ဓာတ်ခွဲခန်းကို ပေးပို့ထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။ လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့သူ ၄ ဦး၊ စုစုပေါင်း ၅ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို အီဘိုလာရောဂါပိုး ရှိ-မရှိ စစ်ဆေးနိုင်ဖို့ ပေးပို့ထားတယ်လို့ ဖော်ပြထားပါတယ်။ အီဘိုလာရောဂါ သံသယနဲ့ ဝေဘာဂီဆေးရုံမှာ စောင့်ကြပ်ဆေးကုမှုခံယူနေတဲ့ လူနာရဲ့ကျန်းမာရေး အခြေအနေ ပိုမိုတိုးတက်လာနေပြီး အစာစား လမ်းလျှောက်နေနိုင်ပြီလို့  ကျန်းမာရေးဌာနက ပြောပါတယ်။ အာဖရိကမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့ အသက် ၂၂ နှစ်အရွယ် မြန်မာ အမျိုးသားတဦးကို ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်နေ့က  ရန်ကုန်လေဆိပ်မှာ ကိုယ်အပူချိန်မြင့်လျက် တွေ့ရှိရတဲ့အတွက် အီဘိုလာ ရောဂါသံသယနဲ့ သက်ဆိုင်ရာက မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံဆီ လွှဲပြောင်းပို့ဆောင် ကျန်းမာရေးစောင့်ကြပ်စစ်ဆေး ကုသပေးနေတာ ဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024