DVB Logo
Home
မြန်မာသတင်း
အစိုးရဌာနများ၏ ​တောင်းခံ​ငွေများ အလွယ်​တကူ အတည်​ပြု​ပေး​နေရ
DVB
·
August 29, 2014
အစိုးရဌာနများ၏ ​တောင်းခံ​ငွေများ အလွယ်​တကူ အတည်​ပြု​ပေး​နေရ
Donate to DVB

YGN Parliment Start 22082014(2ရန်​ကုန်​တိုင်းအစိုးရအဖွဲ့ရဲ့ စာရင်းစစ်​ချုပ်​အစီရင်​ခံစာကို ​နောက်​ကျပြီးမှ သိရလို့ ဌာန​တွေက ​တောင်းခံတဲ့​ရန်​ပုံ​ငွေ​တွေကို ရန်ကုန်တိုင်းလွှတ်​​တော်​က အလွယ်​တကူ အတည်​ပြု​ ပေး​နေရတယ်​လို့ တိုင်းလွှတ်​​တော်​အမတ် ​ဒေါက်​တာ ညိုညိုသင်းက ​ပြောပါတယ်​။

"တချို့ လုပ်​ငန်း​တွေဆိုရင်​ မပြီးပြတ်​ဘူး။ ​နောက်​ထပ်​လို​ငွေ​တွေ​ ​တောင်းလာ​တော့လည်း စာရင်းစစ်​ အစီရင်​ခံစာ မရလို့ ပြန်​​မေးခွင့်​ မရဘူး။ ဒါ​ကြောင့်​ အနည်းဆုံး ၆ လ တ​ကြိမ်​ တင်​သွင်း​ပေးပါ" လို့ ဒီ​နေ့လွှတ်​​တော်​ အစည်းအ​ဝေးမှာ ​မေးမြန်းခဲ့ပါတယ်​။

မေးခွန်းကို တိုင်းစာရင်းစစ်​ချုပ်​က ​ဖြေကြားရာမှာ​တော့ သက်​ဆိုင်​ရာဌာန​တွေက နှစ်​ချုပ်​စာရင်း ပြုစုရတာ၊ စာရင်းစစ်​ရုံးရဲ့ လုပ်​ငန်း​ဆောင်​ရွက်​ရ​တွေ​ကြောင့် ဒီလို ​နောက်​ကျ​နေရတာ ဖြစ်​ပြီး ၂၀၁၃-၁၄ ခုနှစ်အတွက်​ စာရင်း​တွေကို စတင်​ စစ်​​ဆေး​နေပြီး ၂၀၁၅ နှစ်​ဆန်းပိုင်းမှာ တင်​ပြနိုင်​မယ်​လို့ ​ဖြေကြားခဲ့ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013